မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

28_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ဆပ်ပြာကျေးရွာအုပ်စု၊ ဆပ်ပြာကျေးရွာ ၏တောင်ဘက်(၅)မိုင်ခန့်အကွာ ကျောက်မီးသွေးတွင်း၌ (၂၅-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုကျမှုကြောင့် သေဆုံးလူဦးရေ(၄)ဦးအတွက် သေဆုံးထောက်ပံငွေ (၁,၂၀၀,၀၀၀/-) ကျပ်ကို (၂၈-၈-၂၀၁၉) ရက်နေ့တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်၌ သက်ဆိုင်ရာမိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_aug2019

Source:           သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events