Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉) ရက်နေ့ ဘားအံမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများ၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၇)လုံး၊ ဘုန်းကြီးကျောင်း(၂)ကျောင်းနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၄၀)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်းတို့ ပျက်စီးခဲ့ပြီး အဆိုပါပြိုကျပျက်စီးနေအိမ် (၇)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၇)အိမ်ထောင်စာနှင့် ပြိုကျပျက်စီးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်၊ ဘုန်းကြီးကျောင်း စုစုပေါင်း(၅၀)လုံးအတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၂၉၈၀၀၀/-)ကျပ်အား (၂၉-၈၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #krn_aug 2019
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်း
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ +++++++++++++++++++++++++++++++++++ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၂) ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် ++++++++ သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
-
အသက်ကယ်အင်္ကျီများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲ၊ ဒေါ်လန်းကျေးရွာရှိ အမှတ်(၁၀၁၆)နယ်ခြားစောင့်တပ်သို့ အသက်ကယ်အင်္ကျီအထည် (၅၀)ကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် (၂၉-၈-၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #krn_aug2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၉) ရက်နေ့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုကြိုတင်ပြောင်းရွှေ့နေအိမ်(၁၂)လုံး၊ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၂၀၀၀၀၀/-)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်အား(၂၉-၈-၂၀၁၉)ရက်နေ့၊နံနက်(၁၁း၀၀)နာရီ အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူ များအား အားပေးစကားပြောကြားခဲ့ပြီးလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည် Sourceး ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #bgo_aug 2019
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ဗန်းမောက်မြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို သင်တန်းသား/သင်တန်းသူ(၃၀)ဦးဖြင့် (၂၈-၈-၂၀၁၉)ရက်နေ့မှ(၃၀-၈-၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး (၂၈-၈-၂၀၁၉)ရက်နေ့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug 2019
-
ပေါင်မြို့နယ်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့သော နေရာများနှင့် ထပ်မံပြိုကျနိုင်သည့်နေရာများကို မြေပြင်ကွင်းဆင်းလေ့လာဆန်းစစ်မှုများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၈-၂၀၁၉) ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအကြံပေးအဖွဲ့နှင့်အတူ ပေါင်မြို့နယ်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့သော နေရာများနှင့် ထပ်မံပြိုကျနိုင်သည့်နေရာများကို မြေပြင်ကွင်းဆင်းလေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mon_aug2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု စာသင်ကျောင်းအနီး၌ လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရရှိသူ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်ကို (၂၈-၈-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_otr #rke_aug2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဆင်းပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးနှင့် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွားများမှ စေတနာ့ဝန်ထမ်း(၃၀)ဦးဖြင့် မြို့နယ်အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းတွင် သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သော ပညာရပ်များကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ (၂၆-၈-၂၀၁၉)နေ့မှ(၂၈-၈-၂၀၁၉)နေ့အထိ(၃)ရက်တာအောင်မြင်စွာ သင်တန်းပို့ချနိုင်ခဲ့ပြီး (၂၈-၈-၂၀၁၉) ရက်နေ့ တွင် သင်တန်းဆင်းပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_aug 2019 Source း ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူငွေများ အသီးသီးလာရောက်လှူဒါန်း
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက်ထောက်ပံ့မှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရာကျော်ပရဟိတအသင်းသူ အသင်းသားများက စုပေါင်းလှူဒါန်းငွေကျပ် (၂,၅၀၀,၀၀၀/-) (ကျပ်နှစ်ဆယ့်ငါးသိန်းတိတိ)၊ သြစတြေးလျနိုင်ငံ၊ ဒါဝင်မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် မိတ်ဆွေအသင်းအဖွဲ့များက စုပေါင်းလှူဒါန်းငွေကျပ် (၂,၅၀၀,၀၀၀/-) (ကျပ်နှစ်ဆယ့်ငါးသိန်းတိတိ)၊ ကနေဒါနိုင်ငံမှ Mr. Charles Brent Penner က လှူဒါန်း ငွေကျပ် (၅၀၀,၀၀၀/-) (ကျပ်ငါးသိန်းတိတိ)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းမိသားစုများက စုပေါင်းလှူဒါန်းငွေကျပ် (၆၁၀,၀၀၀/-) (ကျပ်ခြောက်သိန်းတစ်သောင်း တိတိ)နှင့် နှလုံးလှလက်များ စေတနာရှင်အဖွဲ့ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ကျေးရွာ၊ ဟင်းသာဒုံးကျေးရွာနှင့် ရွာမကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော နေအိမ်(၁၆)လုံး၊ အိမ်ထောင်စု (၁၆)စု၊ လူဦးရေ (၆၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄၄၉၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၁၇၄၄၉၀၀/-) ကျပ် အား(၂၈-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug 2019









