ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူငွေများ အသီးသီးလာရောက်လှူဒါန်း

29_Pic_01

မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက်ထောက်ပံ့မှုနှင့်  ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရာကျော်ပရဟိတအသင်းသူ အသင်းသားများက စုပေါင်းလှူဒါန်းငွေကျပ် (၂,၅၀၀,၀၀၀/-) (ကျပ်နှစ်ဆယ့်ငါးသိန်းတိတိ)၊ သြစတြေးလျနိုင်ငံ၊ ဒါဝင်မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် မိတ်ဆွေအသင်းအဖွဲ့များက စုပေါင်းလှူဒါန်းငွေကျပ် (၂,၅၀၀,၀၀၀/-) (ကျပ်နှစ်ဆယ့်ငါးသိန်းတိတိ)၊ ကနေဒါနိုင်ငံမှ Mr. Charles Brent Penner က လှူဒါန်း ငွေကျပ် (၅၀၀,၀၀၀/-) (ကျပ်ငါးသိန်းတိတိ)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းမိသားစုများက စုပေါင်းလှူဒါန်းငွေကျပ် (၆၁၀,၀၀၀/-) (ကျပ်ခြောက်သိန်းတစ်သောင်း တိတိ)နှင့် နှလုံးလှလက်များ စေတနာရှင်အဖွဲ့ (လူ/ကယ်/ပြန်) က စုပေါင်းလှူဒါန်းငွေကျပ် (၃၄၀,၀၀၀/-) (ကျပ်သုံးသိန်း လေးသောင်းတိတိ)တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသို့ ယနေ့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_aug2019

နေပြည်တော်၊ သြဂုတ် ၂၈

Sign Up

Upcoming Events