လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးနှင့် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွားများမှ စေတနာ့ဝန်ထမ်း(၃၀)ဦးဖြင့် မြို့နယ်အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းတွင် သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သော ပညာရပ်များကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ (၂၆-၈-၂၀၁၉)နေ့မှ(၂၈-၈-၂၀၁၉)နေ့အထိ(၃)ရက်တာအောင်မြင်စွာ သင်တန်းပို့ချနိုင်ခဲ့ပြီး (၂၈-၈-၂၀၁၉) ရက်နေ့ တွင် သင်တန်းဆင်းပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ygn_aug 2019
Source း ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)