လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ကျေးရွာ၊ ဟင်းသာဒုံးကျေးရွာနှင့် ရွာမကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော နေအိမ်(၁၆)လုံး၊ အိမ်ထောင်စု (၁၆)စု၊ လူဦးရေ (၆၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄၄၉၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၁၇၄၄၉၀၀/-) ကျပ် အား(၂၈-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_aug 2019