Category Archives: News
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေ မြောက်ပိုင်းနှင့် အနောက် ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ “
-
ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့၌ (၃-၉-၂၀၁၉) ရက်နေ့တွင် ချင်းတွင်း မြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ခြေ (၁၄) လုံး၊ အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၇၅) ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၅၇,၅၀၀/-) ကျပ်တို့အား ရေစကြို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၄-၉-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ ရွာမဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင် ကျောင်းသား/ကျောင်းသူ (၄၅) ဦးအတွက် ဆန်ရိက္ခာ(၁)လစာ၊ ဆန်(၁၄) အိတ်၊ (၁) ပြည်၊ (၄) ဘူးအား (၄-၉-၂၀၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #rke_sep 2019
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၁၉) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် ကလေးဝမြို့၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျုင်းပပြု လုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၄-၉-၂၀၁၉) ရက်နေ့မှ (၆-၉-၂၀၁၉) ရက်နေ့ အထိ သင်တန်းသား (၃၀) ဦးဖြင့် (၃) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #sgg_sep2019
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ******************************************* ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၃)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် ***************** သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် … Read more
-
ဘုန်းတော်ကြီးကျောင်းအတွက် သွပ်ချပ်များထောက်ပံ့လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ သဲကုန်း-ညောင်အိုင်တာ တည်ဆောက်ရာတွင် တာလမ်းကြောင်းနှင့် လွတ်ကင်းမှုမရှိသဖြင့် ပြောင်းရွေ့ဆောက်လုပ်သော မင်္ဂလာဘုံပျံ ဘုန်းကြီးကျောင်း အမိုးမိုးရန်အတွက် သွပ်ချပ် (၂၀၀) အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ(၄-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_sep2019
-
ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်နှင့် ဇီးအုပ်ကျေးရွာအုပ်စုတို့၌ (၁-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ပြိုလဲနေအိမ် (၂) လုံးနှင့် ပြောင်းရွှေ့နေအိမ် (၇၇) လုံး စုစုပေါင်း အိမ်ခြေ (၇၉) လုံးမှ လူဦးရေ (၃၈၇) ဦး ရေဘေးသင့်ခဲ့ပြီး ပြိုလဲနေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃၈၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၁၂,၇၀၀/-) … Read more
-
ကမ်းပြိုဘေးသင့်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြု့နယ်၊ ဝဲကြီးဝကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာတွင် (၂၉-၈-၂၀၁၉) ရက်နေ့နှင် (၂-၉-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၉) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၉၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၀၂,၉၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ:(၁,၀၀၂,၉၀၀/-)ကျပ်တို့အား (၄-၉-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #ayy_sep2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာအုပ်စု၊ ကျုံခရိုင်ကျေးရွာ၊ သကံ ရှမ်းကွင်းကျေးရွာ၊ သဲအိမ်ကျောင်းစုကျေးရွာတို့၌ (၂-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၁၇) လုံး၊ အမိုးလန်နေအိမ် (၂) လုံးနှင့် ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ (၁) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် အိမ်ဆောက်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၉၁၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၇၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၅၃၃၀၀/-) ကျပ်တို့အား … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်းကျေးရွာ၌ (၂-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀/-) ကျပ်တို့အား (၄-၉-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #tny_sep2019









