လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်နှင့် ဇီးအုပ်ကျေးရွာအုပ်စုတို့၌ (၁-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ပြိုလဲနေအိမ် (၂) လုံးနှင့် ပြောင်းရွှေ့နေအိမ် (၇၇) လုံး စုစုပေါင်း အိမ်ခြေ (၇၉) လုံးမှ လူဦးရေ (၃၈၇) ဦး ရေဘေးသင့်ခဲ့ပြီး ပြိုလဲနေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃၈၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၁၂,၇၀၀/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၁၂၇၀၀/-)ကျပ်တို့အား ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှတာဝန်ရှိသူများနှင့်အတူ (၄-၉-၂၀၁၉) ရက်နေ့တွင် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#bgo_sep2019