သဘာဝဘေးအန္တရာယ်လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၁၉) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် ကလေးဝမြို့၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျုင်းပပြု လုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၄-၉-၂၀၁၉) ရက်နေ့မှ (၆-၉-၂၀၁၉) ရက်နေ့ အထိ သင်တန်းသား (၃၀) ဦးဖြင့် (၃) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#otr
#sgg_sep2019

Sign Up

Upcoming Events