လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာအုပ်စု၊ ကျုံခရိုင်ကျေးရွာ၊ သကံ ရှမ်းကွင်းကျေးရွာ၊ သဲအိမ်ကျောင်းစုကျေးရွာတို့၌ (၂-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၁၇) လုံး၊ အမိုးလန်နေအိမ် (၂) လုံးနှင့် ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ (၁) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် အိမ်ဆောက်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၉၁၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၇၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၅၃၃၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၉) ရက် နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_sep2019