Category Archives: News
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၉) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲရှောင် စခန်း (၅) ခုမှ ထပ်မံရောက်ရှိလာသော တိုက်ပွဲရောင်အိမ်ထောင်စု (၇၄) စု၊ လူဦးရေ (၂၇၈) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၅၈၃,၈၀၀/-) ကျပ်တို့အား (၅-၉-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #shn_sep2019
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေ မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area)သည် အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။”
-
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ လာရောက်လှူဒါန်းမှုသတင်း
(၅-၉-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် CHINLONG MINIG Co,Ltd မှ လာရောက်လှူဒါန်းသော အလှူငွေ (၂၀၀၀၀၀/-) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိ သူများမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_sep2019
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျေးရွာ၌ လေဘေးကြောင့် ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁) စုမှ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) ပုံး၊ care myanmar ပိုက်ဖျာ (၁) ချပ်၊ ဆန်ရိက္ခာဖိုးငွေ(၇) ရက်စာ (၂,၁၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ(၁၀၂,၁၀၀/-)ကျပ်တို့အား (၄-၉-၂၁၀၉) ရက်နေ့ (၁၂းဝဝ) နာရီအချိန်တွင် … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကံသာ ကျေးရွာတွင် (၄-၉-၂၀၁၉) ရက်နေ့ (၁၂း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀ဝ/-) ကျပ်၊ လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၄၆,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄၆,၂၀၀/-) ကျပ်တို့အား (၅-၉-၂၀၁၉) ရက်နေ့ (၁၂း၀၀) … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်၌ (၃-၉-၂၀၁၉) ရက်နေ့တွင် မြစ်သာမြစ် ကမ်းပါးပြိုကျမှုကြောင့် ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်တို့အား (၅-၉-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးခန်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Sourceး ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) ha_rbe #sgg_sep2019
-
ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ် သူရဲတန်းကျေးရွာအုပ်စု ခေတ်မှီကျောင်း ကုန်းကျေးရွာ၌ (၁-၉-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရ သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၅-၉-၂၀၁၉) ရက်နေ့ နံနက် (၁၀း၄၅) နာရီအချိန်တွင် ပန်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) ha_rbe #bgo_sep2019
-
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသောဘေးသင့်အိမ်ခြေများအတွက် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၉)ရက်နေ့ (၂၂:၃၀)နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသော မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်မှ နေအိမ်(၁၄၂)လုံး၊ အိမ်ထောင်စု(၁၄၂)စုမှ လူဦးရေ (၆၈၄)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄၃၆၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၃၀၁၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၂၇၃၇၄၀၀/-)ကျပ်အားလည်းကောင်း၊ မော်လမြိုင်မြို့၊ ဇေယျသီရိရပ်ကွက်မှ နေအိမ်(၇၈)လုံး၊ အိမ်ထောင်စု(၇၈)စုမှ လူဦးရေ(၃၈၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၁၄၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၃၂၅၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၁၃၉၈၀၀/-)ကျပ်တို့ကို (၄-၉-၂၀၁၉)ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် သွားရောက် ထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ … Read more









