ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ် သူရဲတန်းကျေးရွာအုပ်စု ခေတ်မှီကျောင်း ကုန်းကျေးရွာ၌ (၁-၉-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရ သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၅-၉-၂၀၁၉) ရက်နေ့ နံနက် (၁၀း၄၅) နာရီအချိန်တွင် ပန်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

ha_rbe
#bgo_sep2019

Sign Up

Upcoming Events