လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျေးရွာ၌ လေဘေးကြောင့် ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁) စုမှ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) ပုံး၊ care myanmar ပိုက်ဖျာ (၁) ချပ်၊ ဆန်ရိက္ခာဖိုးငွေ(၇) ရက်စာ (၂,၁၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ(၁၀၂,၁၀၀/-)ကျပ်တို့အား (၄-၉-၂၁၀၉) ရက်နေ့ (၁၂းဝဝ) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

ha_sgw
#ayy_sep2019

Sign Up

Upcoming Events