Category Archives: News
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၄)စု၊ ကျား(၃၄)ဦး၊ မ(၅၆)ဦး၊ လူဦးရေ (၉၀)ဦးအတွက် ဆန်ရိက္ခာ (၁၄)ရက်စာအတွက် ဆန်(၁၃) အိတ် (၃) ပြည်အား (၆-၉-၂၀၁၉)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #rke_sep 2019
-
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသောဘေးသင့်အိမ်ခြေများအတွက် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၉)ရက်နေ့ (၂၂:၃၀)နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသော မော်လမြိုင်မြို့နယ်အတွင်းရှိ ဖက်တန်းရပ်ကွက်မှ နေအိမ်(၇၂)လုံး၊ အိမ်ထောင်စု(၇၂)စုမှ လူဦးရေ(၃၀၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၄၀၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၄၁၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၀၅၀၅၀၀/-)ကျပ်၊ အောက်ကျင်းရပ်ကွက်မှ နေအိမ်(၅၉)လုံး၊ အိမ်ထောင်စု(၅၆)စုမှ လူဦးရေ (၃၃၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၀၉၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၂၀၉၆၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၉၁၉၄၀၀/-)ကျပ်၊ လှိုင်ရပ်ကွက်မှ နေအိမ်(၃၃)လုံး အိမ်ထောင်စု(၃၃)စု လူဦးရေ(၁၈၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၉၄၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၉၃၆၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၃၁၄၀၀/-)ကျပ်၊ ညောင်ပင်ဆိပ်ရပ်ကွက်မှ နေအိမ်(၂)လုံး အိမ်ထောင်စု(၂)စု လူဦးရေ(၁၀)ဦးအတွက် … Read more
-
မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင်ခန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၁၉) ရက်နေ့တွင် plan internation နှင့်ပူးပေါင်း၍ အထက (၃)မင်္ဂလာတောင်ညွန့်မြို့နယ်၊ မိန်းကလေးကျောင်း၌ ဆရာမများနှင့် ကျောင်းသူ(၄၀၀)ဦးကို မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင်ခန်းအားကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပါကြောင်း သတင်းရရှိပါသည်။ Sourceး ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #simex_eqk #ygn_aug 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အေရာကျေးရွာအုပ်စု၊ အေရာကျေးရွာတွင် (၃-၉-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး(ဓနိမိုး၊ ဓနိကာ)နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး (၁) အိမ်ထောင်စာတန်ဖိုး-(၃၆၂၅၃/-)ကျပ်ကို(၅-၉-၂၀၁၉)ရက်နေ့၊ နံနက်(၁၅း၁၅)နာရီအချိန်တွင် ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw #ayy_sep 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်း တနော်မြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာ၌ (၄-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀ဝဝဝ/-)ကျပ်၊ အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၂၁၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၅၁၀၀ဝ/-)ကျပ်နှင့် ပြိုကျပျက်စီးနေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)အိမ်ထောင်စာကို (၅-၉-၂၀၁၉) ရက်နေ့ (၁၄း၁၅)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ … Read more
-
ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၉) ရက်နေ့တွင်ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ချမ်းမြသာယာရပ်ကွက်၊ ဘူတာဈေးအနီး၌ မိုးသည်းထန်စွာရွာသွန်းပြီး ကုက္ကိုလ်ပင်လဲကျရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်အား (၅-၉-၂၀၁၉)ရက်နေ့(၁၃း၀၀)နာရီအချိန်တွင် ပြည်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_fld #bgo_sep 2019
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂-၉-၂၀၁၉) ရက်နေ့မှ (၆-၉-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်သော ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံ များနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းတွင် (၅-၉-၂၀၁၉) ရက်နေ့၌ ဦးစီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်ငန်းတာဝန်များနှင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်၍ သိရှိထားရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား ဟောပြောပို့ချခဲ့ပြီး သင်တန်းသား/သူ (၇၀) ဦးတို့အား သဘာဝဘေးလက်ကမ်းစာဆောင်များနှင့် DAN Mobile Application ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ မရဲ့ပျားမွတ်ကျေးရွာ၌ (၂-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၅-၉-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_sep2019
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကသဝင်ကျေးရွာအုပ်စု၊(ကသဝင်ရွာမ၊ ဝေယံကျွန်း၊ ရွှေဖလားကျွန်း)ကျေးရွာတို့၌ (၄-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၃၂) လုံး အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၄၆) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃,၂၀၀,ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၀၆,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၅၀၆,၆၀ဝ/-) ကျပ် တို့အား (၅-၉-၂၀၁၉) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် … Read more
-
လမ်းမြေဖို့ခြင်း လုပ်ငန်းများဆောင်ရွက်နိုက်ရန်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း (၁၀-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကန့်ဒေါင့်ကျေးရွာနှင့် ကြောင်ဝင်ဒူကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းမကြီး ရေတိုက်စားမှုကြောင့် အရှည် (၂၀) ပေ၊ အနက် (၈) ပေခန့် ရေတိုက်စားမှုဖြစ်ပွားခဲ့ခြင်းအတွက် လမ်းမြေဖို့ခြင်း လုပ်ငန်းများဆောင်ရွက်နိုက်ရန်အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၅-၉-၂၀၁၉) ရက်နေ့တွင် ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_sep2019









