လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကသဝင်ကျေးရွာအုပ်စု၊(ကသဝင်ရွာမ၊ ဝေယံကျွန်း၊ ရွှေဖလားကျွန်း)ကျေးရွာတို့၌ (၄-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၃၂) လုံး အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၄၆) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃,၂၀၀,ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၀၆,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၅၀၆,၆၀ဝ/-) ကျပ် တို့အား (၅-၉-၂၀၁၉) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_sep2019