Category Archives: News
-
သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ပျားကျေးရွာအုပ်စု၊ ပျားကျေးရွာတွင်(၁၄-၉-၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်၌ မမျှော်လင့်နိုင်သော သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် မြစ်သာတမံဆည်ရှိ ရေများကျိုးပေါက်၍ ရေဘေးအန္တရာယ်ခံစားရနိုင်ခြေရှိသည့် ဆည်အောက်ရှိကျေးရွာများမှ ပြည်သူလူထု အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းနိုင်သမျှ လျော့နည်းစေရန် ရည်ရွယ်၍ ရေဘေးကြိုတင်ကာကွယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ တည်ဆောက်ရေး(၈)၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျေးရွာပြည်သူလူထု စုစုပေါင်း(၄၀၈)ဦးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၁)လုံးအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၁၃-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကျသောင်းတောင်ကျးရွာအုပ်စု၊ ကျသောင်းတောင်ကျေးရွာတွင် ကမ်းပါးပြိုကျမှုမှကာကွယ်ရန် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝိ/-)နှင့် လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀ဝိ/-)ကျပ် စုစုပေါင်း(၁၁၀၅၀ဝိ/-)တို့အား (၁၃.၉.၂၀၁၉)ရက်နေ့(၁၆း၁၀)အချိန်တွင်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ha_rbe #npw_sep2019 Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၁၃-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝိ/-)၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၁၂,၆၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂,၆၀ဝိ/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့ (၁၅:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_sep2019 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၁၃-၉-၂၀၁၉) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စု လူဦးရေ (၂၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၅၈,၈၀၀/-) ကျပ်တို့အား (၁၃-၉-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #mgy_sep2019
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ (၁၁.၉.၂၀၁၉)ရက်နေ့ ပုလဲမြို့၊ ပုလဲမြောက်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံး မီးဘေးသင့်ခဲ့သဖြင့် နေအိမ်မိသားစုများအား အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်ရိက္ခာထောက်ပံ့ငွေ(၁၄၇၀ဝိ/-)ကျပ်အား (၁၃.၉.၂၀၁၉)ရက်နေ့တွင် ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_sep2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) ။
-
ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)မှ ဟင်္သာတမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာအုပ်စု ၊ (ငှက်ပျောတော၊ ပေါ်သစ်)ကျေးရွာတို့တွင်(၁၂-၉- ၂၀၁၉)နေ့ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ (၉) လုံး၊ ၎င်းအိမ်ထောင်စု(၉)စုရှိ လူဦးရေ(၃၁)ဦးတို့အတွက် -အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀ဝိ/-)ကျပ် -ဆန်ရိက္ခာဖိုး(၆၅၁၀ဝိ/-)ကျပ် -စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၉၆၅၁၀ဝိ/-)ကျပ်ကို (၁၃- ၉- ၂၀၁၉) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၉ )ရက်နေ့တွင် သက္ကယ်ပြင်(သံ)အုပ်စု ကညင်ရိုးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရသောနေအိမ်( ၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၀၀၀၀ဝိ/-)၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၅၀၄၀ဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၇၅၀၄၀ဝိ/-) အား (၁၃.၉.၂၁၀၉)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2019 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုင်းထိဒဏ်ရာရ ကျောင်းသား(၂)ဦးအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံမှ (၁၂-၉-၂၀၁၉)နေ့တွင် ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စု၊ တင်းမေကျေးရွာ၊ အမက(မူလွန်) စာသင်ကျောင်းမှ ကျောင်းသား(၂)ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသဖြင့် မောင်တောပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် မောင်ခိုင်သ်န်းမောင်အား မောင်တောခရိုင်ဦးစီးမှူးရုံးမှ ဒဏ်ရာရထောက်ပံ့ငွေ-(၅၀၀၀၀ိ/-)အားလည်းကောင်း၊ ဘူးသီးတောင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် မောင်ငြိမ်းချမ်းအောင်အား ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒဏ်ရာရထောက် ပံ့ငွေ-(၅၀၀၀၀ိ/-)အားလည်းကောင်း ၊စုစုပေါင်း ဒဏ်ရာရထောက်ပံ့ငွေ-(၁၀၀၀၀၀ိ/-)အား (၁၃-၃ -၂၀၁၉)နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_sep2019 Source: မောင်တောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဘူးသီးတောင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငရန့်ချောင်းကျေးရွာအုပ်စု၊ တောင်ဘဇာ(နတလ)ကျေးရွာမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၈၈)စု၊ လူဦးရေ (၄၈၈)ဦးအတွက် ဆန်ရိက္ခာ ၇ရက်စာဖိုးထောက်ပံ့ငွေ (၁၀၂၄၈၀ဝိ/)အား (၁၃.၉.၂၀၁၉)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဘူးသီးတောင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့်အတူ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #rke_sep2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်ရှိ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တယ်ချောင်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးဂျကျေးရွာ၌ (၁၀-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ဘေးသင့်ပြည်သူ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၆၃၀ဝိ/-)၊ စုစုပေါင်း (၁၀၆၃၀ဝိ/-)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၂-၉-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_sep2019 Source: … Read more









