လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဘူးသီးတောင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငရန့်ချောင်းကျေးရွာအုပ်စု၊ တောင်ဘဇာ(နတလ)ကျေးရွာမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၈၈)စု၊ လူဦးရေ (၄၈၈)ဦးအတွက် ဆန်ရိက္ခာ ၇ရက်စာဖိုးထောက်ပံ့ငွေ (၁၀၂၄၈၀ဝိ/)အား (၁၃.၉.၂၀၁၉)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဘူးသီးတောင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့်အတူ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#rke_sep2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)