လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၉ )ရက်နေ့တွင် သက္ကယ်ပြင်(သံ)အုပ်စု ကညင်ရိုးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရသောနေအိမ်( ၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၀၀၀၀ဝိ/-)၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၅၀၄၀ဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၇၅၀၄၀ဝိ/-) အား (၁၃.၉.၂၁၀၉)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_sep2019
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)