လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ပျားကျေးရွာအုပ်စု၊ ပျားကျေးရွာတွင်(၁၄-၉-၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်၌ မမျှော်လင့်နိုင်သော သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် မြစ်သာတမံဆည်ရှိ ရေများကျိုးပေါက်၍ ရေဘေးအန္တရာယ်ခံစားရနိုင်ခြေရှိသည့် ဆည်အောက်ရှိကျေးရွာများမှ ပြည်သူလူထု အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းနိုင်သမျှ လျော့နည်းစေရန် ရည်ရွယ်၍ ရေဘေးကြိုတင်ကာကွယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ တည်ဆောက်ရေး(၈)၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျေးရွာပြည်သူလူထု စုစုပေါင်း(၄၀၈)ဦးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_sep2019
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)