Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၉.၂၀၁၉)ရက်နေ့ နေ့လည် (၁၃း၀၀)အချိန်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ် (၆)ရပ်ကွက် ကရင်နှစ်ခြင်းအသင်းတော်(church)ကျောင်း၌ ကျေးရွာသူ/ကျေးရွာသား အင်အား (၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ၊ ရေဘေး၊ မုန်တိုင်းဘေး မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများကိုလည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2019 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့် နေအိမ်(၁)လုံးအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ (၁၅.၉.၂၀၁၉)ရက်နေ့ ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံး မီးဘေးသင့်ခဲ့သဖြင့် နေအိမ်မိသားစုများအား အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်ရိက္ခာထောက်ပံ့ငွေ(၈၄၀ဝိ/-)ကျပ်အား (၁၈.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_sep2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၉) ရက်နေ့တွင် အ.ထ.က (၃) (ကြာအင်းဆိပ်ကြီး) ပညာတန်ဆောင်ခန်းမ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ အင်အား (၂၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ဌာနှင့် ပတ်သက်သော သိကောင်းစရာများ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည် Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar … Read more
-
ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ် အင်းတ္တော်လုပ် ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာတွင် (၁၇.၉.၂၀၁၉)ရက်နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်တိတိအား အား (၁၈-၉-၂၀၁၉)ရက်နေ့ နံနက် (၁၁:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_sep2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)မှ (၁၅.၉.၂၀၁၉) ရက်နေ့ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မိဿ လင်းကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာတို့တွင်ဖြစ်ပွားသော လေဘေးမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ(၁၀၀၀၀ဝိ/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးနှင့် အမိုးလန်နေအိမ်(၈)လုံးတို့မှ လူဦးရေ(၅၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၁၇၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၇၆၀၀)ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ပလပ်စတစ်ပုံးပါ (၁၅)မျိုးတို့အား (၁၈.၉.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_sep2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာ အုပ်စု၊ သာယာစုကျေးရွာ၌ (၁၁-၉-၂၀၁၉) ရက်နေ့တွင် ချောင်းကမ်းပါးပြိုကျမှုကြောင့် မျောပါပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁၀,၅၀၀/) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား (၁၇-၉-၂၀၁၉)ရက်နေ့တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ha_rbe #npw_sep2019
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၁၇.၉.၂၀၁၉)နေ့ နံနက်(၉း၃၀)တွင် ကျွန်းစုမြို့နယ် အ.ထ.ကကျောင်း၌ ကျောင်းသားကျောင်းသူ နှင့်ဆရာဆရာမအင်အား (၃၀၀)ဦးအား သဘာဝဘေးအသိပညာပေးခြင်း၊ ဘောပင်နှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သဘာဝဘေးအသိပညာပေးဗီဒီယိုဖိုင်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာ ရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၂၀၂)ဦးအတွက် စားနပ်ရိက္ခာ(၁)လစာ (ဆန် ၆၄အိတ် ၊ ဆီ ၉၂ ပိဿာ၊ ပဲ ၉၂ ပိဿာ၊ ဆား ၄၆ ပိဿာ) အား လူမှုရေးဝန်ကြီး ဦးနေဝင်း၏ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာ နှင့်တာဝန်ရှိသူများသည် (၁၇.၉.၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #kcn_sep2019 Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှယ်ရာဝတီလူမှုဖွံ့ဖြိုးရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၆-၉-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ ရေကမြင်း (၂) ကျေးရွာ အမက ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၇၃) ဦးတို့အားလည်းကောင်း၊ (၁၇-၉-၂၀၁၉) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ နှာနှပေါက်ကျေးရွာ၌ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၀၅) ဦးတို့အားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၁၇) ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ကမ်းခြေအနီးတွင် နောက် (၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပါသည်။”









