လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှယ်ရာဝတီလူမှုဖွံ့ဖြိုးရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၆-၉-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ ရေကမြင်း (၂) ကျေးရွာ အမက ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၇၃) ဦးတို့အားလည်းကောင်း၊ (၁၇-၉-၂၀၁၉) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ နှာနှပေါက်ကျေးရွာ၌ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၀၅) ဦးတို့အားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_sep2019