Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)မှ (၂၄.၉.၁၉)ရက်နေ့ ထားဝယ်မြို့နယ် အ.လ.ကခွဲ (မောင်မယ်ရှောင်)ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူအင်အား(၂၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့ နယ်၊ ခေနန်ကျေးရွာအုပ်စု၊ အောက်စုကျေးရွာ၌ (၂၁-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၁၈,၉၀၀) ကျပ်၊စုစုပေါင်းရန်ပုံငွေ(၂၁၈,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)အိမ်ထာင်စာ (၆၄,၇၀၆) ကျပ်တို့အား (၂၅-၉-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_sep2019 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၃-၉-၁၉) ရက်နေ့ ထားဝယ်မြို့နယ် အ လ က(ရှင်မုတ္ထီး)တွင် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ အင်အား(၂၀၀) ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၃-၉-၁၉) ရက်နေ့ အ.ထ.က(၂) (ထားဝယ်) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူအင်အား (၂၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၁၉)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊အ.ထ.က (ဖားဆောင်း)၌ ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_sep2019 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုများကြိုတင်ကာကွယ်ရန် ရေကာတာများ တည်ဆောက်နိုင်ရန်အတွက် လွှဲပြောင်းထောက် ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်၊ ရွှေကဇောင်းကျေးရွာအုပ်စု၊ ရွှေကဇောင်းကျေးရွာ စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးလိုအပ်လျက်ရှိသောရေကာတာ (၃)ခုတည်ဆောက်ရန်အတွက် (၁၁,၁၇၅,၀၀၀) ကျပ်တို့ကို (၂၄-၉-၂၀၁၉) ရက်နေ့တွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့်အတူ ပဲခူးတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။ #bgo_sep2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျွန်းသာယာ ရပ်ကွက် တွင်(၂၀-၉-၂၀၁၉)ရက်နေ့ဖြစ်ပွားသောလေဘေးကြောင့် ပြို (၂)လုံး အတွက်(၂၀၀,၀၀၀) ကျပ်၊ လူဦးရေ(၉) ဦးအတွက်ဆန်ဖိုး (၁၈,၉၀၀) ကျပ်၊စုစုပေါင်း(၂၁၈၉၀၀)ကျပ်နှင့် (၂) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးစီတို့ကို (၂၄-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_sep2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူး ခရိုင်၊ ပဲခူးမြို့၊ ဝါးပြန်ကုန်း ကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင် ပြောင်းရွှေ့နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀) ဘေးသင့်ပြောင်းရွှေ့ နေအိမ် (၁) လုံးရှိ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၈၄၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၈၄၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၁)အိမ်ထောင်စာတို့အား … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
(၂၄-၉-၂၀၁၉)ရက်နေ့ ညနေ(၁၆:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပေါက်မြို့နယ်၊ ဂေွးဂုံကျေးရွာအုပ်စု၊ ကျွန်းတိုင်းကျေးရွာ၌ (၂၃-၉-၂၀၁၉)ရက်နေ့၊ ညနေ(၁၆:၀၀) အချိန်နှင့် (၂၄-၉-၂၀၁၉) ရက်နေ့၊ နံနက်(၀၈:၀၀) အချိန်တွင်ဖြစ်ပွားခဲ့သော ကျောချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရ သောအိမ်ခြေ(၃)လုံးတွင် အိမ်ထောင်စု (၃)စုမှ ကျား(၄)ဦး၊ မ (၁၂)ဦး၊ စုစုပေါင်း (၁၆)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၃၃,၆၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၃၃၃,၆၀၀) ကျပ်တို့ကို … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၂၁-၉-၂၀၁၉)ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျေးရွာအုပ်စု(၉)အုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲဘုန်းကြီးကျောင်း(၃)ကျောင်း၊ ပြိုလဲနေအိမ်(၁၅)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၃)ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂,၄၀၀,၀၀၀)ကျပ်၊ ပြိုလဲနေအိမ်(၁၅)လုံးနှင့် အမိုးလန်နေအိမ်(၃၁)လုံးတို့ရှိ လူဦးရေ(၂၁၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၅၇,၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၈၅၇,၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ)(၁၅)အိမ်ထောင်စာတန်ဖိုးငွေ(၄၈၅,၂၉၅)ကျပ်တို့အား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ (၂၄-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_sep2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









