
(၂၁-၉-၂၀၁၉)ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျေးရွာအုပ်စု(၉)အုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲဘုန်းကြီးကျောင်း(၃)ကျောင်း၊ ပြိုလဲနေအိမ်(၁၅)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၃)ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂,၄၀၀,၀၀၀)ကျပ်၊ ပြိုလဲနေအိမ်(၁၅)လုံးနှင့် အမိုးလန်နေအိမ်(၃၁)လုံးတို့ရှိ လူဦးရေ(၂၁၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၅၇,၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၈၅၇,၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ)(၁၅)အိမ်ထောင်စာတန်ဖိုးငွေ(၄၈၅,၂၉၅)ကျပ်တို့အား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ (၂၄-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)