ကမ်းပြိုဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

25_Pic_01

(၂၄-၉-၂၀၁၉)ရက်နေ့ ညနေ(၁၆:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပေါက်မြို့နယ်၊ ဂေွးဂုံကျေးရွာအုပ်စု၊ ကျွန်းတိုင်းကျေးရွာ၌ (၂၃-၉-၂၀၁၉)ရက်နေ့၊ ညနေ(၁၆:၀၀) အချိန်နှင့် (၂၄-၉-၂၀၁၉) ရက်နေ့၊ နံနက်(၀၈:၀၀) အချိန်တွင်ဖြစ်ပွားခဲ့သော ကျောချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရ သောအိမ်ခြေ(၃)လုံးတွင် အိမ်ထောင်စု (၃)စုမှ ကျား(၄)ဦး၊ မ (၁၂)ဦး၊ စုစုပေါင်း (၁၆)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၃၃,၆၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၃၃၃,၆၀၀) ကျပ်တို့ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း ရှိပါသည်။

#ha_rbe

#mgy_sep2019

Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events