
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်၊ ရွှေကဇောင်းကျေးရွာအုပ်စု၊ ရွှေကဇောင်းကျေးရွာ စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးလိုအပ်လျက်ရှိသောရေကာတာ (၃)ခုတည်ဆောက်ရန်အတွက် (၁၁,၁၇၅,၀၀၀) ကျပ်တို့ကို (၂၄-၉-၂၀၁၉) ရက်နေ့တွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့်အတူ ပဲခူးတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)