Category Archives: News
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ လမ်းမဘုန်းတော်ကြီးကျောင်းသို့ (၈-၁၀-၂၀၁၉)ရက်နေ့နှင့် (၉-၁၀-၂၀၁၉)ရက်နေ့တွင် ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၆၄)စု လူဦးရေ (၂၅၂)ဦးအတွက် ဆန်ရိက္ခာ (၁၄)ရက်စာအတွက် ဆန်(၃၆)အိတ် (၁၈)ပြည်အား(၁၀-၁၀-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောင်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး #ha_otr #rke_oct 2019
-
လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ကျောက်မြောင်းမြို့နယ်(ခွဲ)၊ အမှတ် (၂) ရပ်ကွက်မှ (၃-၁၀-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော လူနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်တို့အား (၁၀-၁၀-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_oct2019 Source: ရွှေဘိုခရိုင်ဦးစီးမှုးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၁၉) ရက်နေ့ (၁၅:၃၀)အချိန်တွင် ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာအုပ်စု၊ ရိုးမဟာကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အဆိုပါလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁)လုံးမှ အိမ်ထောင်စု(၁)စု လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄၂၀၀/-)ကျပ်ကို (၁၀-၁၀-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw #krn_oct 2019
-
မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၁၀-၂၀၁၉) ရက်နေ့ (၁ရး၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော တပ်ကုန်းမြို့နယ်၊ ရွေးစုကျးရွာအုပ်စု၊ ရွေးစုကျေးရွာမှ မိုးကြိုးဘေးကြောင့်သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ ငွေ (၃၀၀၀၀၀/-) ကျပ်အား (၁၀-၁၀-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #npw_oct2019 Source: ဥတ္တရခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီက ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း
၉-၁၀-၂၀၁၉ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီက ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှု များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရနှင့်အတူ ဝန်ကြီးဌာနအားလုံးက မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်းဆောင်ရွက်ပေးနေကြပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၂၉-၉-၂၀၁၉ ရက်နေ့မှ … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ၌ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဝင်ရောက်ခဲ့သည့်သထုံမြို့နယ်၊ ဈေးမသွယ်အထက်ကျေးရွာမှ ရေဘေးသင့် ကျောင်းသား (၆၀) ဦးအတွက် ကလေးကျောင်းဝတ်စုံကျား (၆၀) ထည်နှင့် ကျောင်းသူ (၁၀၇) ဦးအတွက် ကလေးကျောင်းဝတ်စုံမ (၁၀၇) ထည် ၊ စုစုပေါင်း (၁၆၇) ထည်တို့အား (၉-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_oct2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူငွေများ လာရောက်လှူဒါန်းမှုသတင်း
အောက်တိုဘာ ၉၊ နေပြည်တော် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောက်မီးသွေးလုပ်ငန်းရှင်များအသင်းက ငွေကျပ်(၅၉)သိန်း ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောက်မီးသွေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်း ပြောကြားပြီး ဒုတိယဝန်ကြီးဦးစိုးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ယခုလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောက်မီးသွေး လုပ်ငန်းရှင်များအသင်းက မိမိတို့ဝန်ကြီးဌာနအား ဘေးသင့်ပြည်သူများအတွက် ပထမဆုံးအကြိမ်အဖြစ် သဘာဝဘေးဒဏ်ခံ ပြည်သူများအား စာနာစိတ်ဖြင့် … Read more
-
သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုလုပ်ရှားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် DRR Working Group နှင့်အတူ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုလှုပ်ရှားမှုအနေဖြင့် (၉-၁၀-၂၀၁၉) ရက်နေ့၌ ဘားအံမြို့ (မဲဘောင်ဈေး)၊ ထီလုံဈေး၊ ဒိုင်းပြရွာ၊ လှိုင်းဘွဲဈေးနှင့် ကန်သာယာညဈေးများသို့သွားရောက်၍ ပြည်သူလူထု များအား သဘာဝဘေးနှင့်ပတ်သက်သည့် မေးခွန်းမေးမြန်းခြင်းများအားပြုလုပ်ကာ အမှတ်တရလက်ဆောင် တီရှပ်များကို ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_oct2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာမှ ကမ်းပြိုအိမ်ထောင်စု (၃၉)စု ၊ လူဦးရေ(၁၇၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၈၀၀၀၀/-)ကျပ်နှင့် ဆနိရိက္ခာဖိုးထောက်ပံ့ငွေ(၃၆၃၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၁၁၄၃၃၀၀/-)ကျပ်တို့ကို (၉-၁၀-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_rbe #mgy_oct 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြိုနယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ထိပ်ချောင်းကျေးရွာတွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစိတ်တပိုင်းပျက်စီး အိမ်ထောင်စု (၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၉၆၈၀၀/-)ကျပ် တိတိအား (၉-၁၀-၂၀၁၉)ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw #ayy_oct 2019









