လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၁၉) ရက်နေ့ (၁၅:၃၀)အချိန်တွင် ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာအုပ်စု၊ ရိုးမဟာကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အဆိုပါလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁)လုံးမှ အိမ်ထောင်စု(၁)စု လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄၂၀၀/-)ကျပ်ကို (၁၀-၁၀-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

#krn_oct 2019

Sign Up

Upcoming Events