Category Archives: News
-
ဒဏ်ရာရပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၀-၂၀၁၉) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအုပ်၊ မော်ဟန်ကျေးရွာနေ ပြည်သူ (၂) ဦးသည် တောင်ယာလုပ်ကိုင်စဉ် လက်နက်ကြီးစထိမှန်၍ ကွတ်ခိုင်ဆေးရုံတွင်အတွင်းလူနာအဖြစ် ဆေးကု သမှုခံယူနေသောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေ (၅၀၀၀ဝ/-) ကျပ် နှင့်စုစုပေါင်းထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-) ကျပ်အား (၃၀-၁၀-၂၀၁၉) ရက်နေ့တွင်သွား ရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_oct2019 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောက်တိုဘာလ (၂၉) ရက်နေ့တွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖျာပုံခရိုင်အတွင်းရှိ NGO၊ INGO များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစည်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့်လူမှုအဖွဲ့အစည်းများမှ လည်းလုပ်ငန်းစဉ်များအား အသီးသီးချပြဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_oct2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် (၂၈-၁၀-၂၀၁၉) ရက်နေ့တွင် ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ စိန့်ထရေဇာဘုရားရှိခိုးကျောင်း၀န်းအတွင်းရှိ ဘာသာရေးအဆောက်အဦး (၁) လုံးမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်အဆောက် အဦးအတွက်ထောက်ပံ့ငွေ (၃၀၀၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၉) ဦးအတွက်(၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၀၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆၀၉၀ဝ/-) ကျပ် နှင့်အလှူပစ္စည်းများကို (၂၉-၁၀-၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ်လူမှုရေး၀န်ကြီး၊ မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more
-
ဒလမြို့နယ်မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၀-၂၀၁၉) ရက်နေ့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ကျန်းမာရေး၀န်ထမ်းအိမ်ရာရပ်ကွက်၊ ဇီဇဝါ လမ်းရှိ ကျန်းမာရေး၀န်ကြီးဌာနပိုင် လိုင်းခန်းဖြစ်သော တစ်ထပ်ပျဉ်ထောင်(၈) ခန်းတွဲ၊ လိုင်းအမှတ်(၆၄)၊ အခန်း(၄)ရှိ ဒေါ်တင်မြင့်၏ မီးသွေးမီးဖိုမှ တဆင့် (၂၈.၉.၂၀၁၉) ရက်နေ့ (၁၄:၁၀) နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းမှုကြောင့် တစ်ထပ်ပျဉ်ထောင် လိုင်း (၈) ခန်းတွဲ (အားလုံး) မီးလောင် ကျွမ်းခဲ့ရာ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၃၉) ဦးအတွက် … Read more
-
မိုးကြိုးဘေးကြောင့်သေဆုံးသူ၏မိသားစုဝင်ထံသို့သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာ၌ (၂၈-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်ကို (၂၉-၁၀-၂၀၁၉) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ကျန်ရစ်သူမိသားစုဝင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_tls #ayy_oct2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအစီရင်ခံစာပါ အကြံပြုချက်များ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပမှုသတင်း
အောက်တိုဘာ ၂၉၊ နေပြည်တော် ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှုအစီရင်ခံစာပါ အကြံပြုချက်များ အား အကောင်အထည်ဖော်ရေးအတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရှိ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်တိုးတက်မှု အချို့ကို နည်းပညာ ဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များအား အသိပေးပြောကြားလိုပါကြောင်း၊ များမကြာမီကပင် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာနှင့် ဆောင်ဘုံကျေးရွာအုပ်စု၊ သုံးအိမ်စုကျေးရွာတို့၌ (၂၅-၁၀-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးနှင့် အမိုးလန်နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး(၁)အိမ်ထောင်စုစာတို့ကို (၂၉-၁၀-၂၀၁၉) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ha_sgw #ayy_oct2019 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=========================================== “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကိုမိုရင်း ဧရိယာ (Comorin area)နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် လက်ရှပ်ဝိ၊ မော်လ်ဒိုက်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကိုမိုရင်း ဧရိယာ (Comorin area)တွင် ဆက်လက်တည်ရှိနေပါသည်။”
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
============================================= “ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကိုမိုရင်းဧရိယာ (Comorin area)နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။”
-
ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်လျော့ပါးရေးသင်တန်းပို့ချမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောက်တိုဘာလ (၂၇) ရက်နှင့်(၂၈) ရက်နေ့များတွင် ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စုရှိ ကျေးရွာမှလူငယ်(၂၅) ဦးတို့အား ထော်ပိုင်ကျေးရွာသစ်တောခန်းမ၌ သစ်တောသယံဇာတပတ်ဝန်းကျင်ဖွံ့တိုးတက် ရေးနှင့်ထိန်းသိမ်းရေးအသင်း (FREDA) မှဖွှင့်လှစ်ခဲ့သည့် ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ် လျော့ပါးရေးသင်တန်းတွင် သဘာဝဘေးစီမံခန့်ခွဲမှုအခြေခံဘာသာရပ်အား သင်ကြားပို့ချခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #ayy_oct2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









