ဒလမြို့နယ်မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

29_Pic_01 29_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၀-၂၀၁၉) ရက်နေ့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ကျန်းမာရေး၀န်ထမ်းအိမ်ရာရပ်ကွက်၊ ဇီဇဝါ လမ်းရှိ ကျန်းမာရေး၀န်ကြီးဌာနပိုင် လိုင်းခန်းဖြစ်သော တစ်ထပ်ပျဉ်ထောင်(၈) ခန်းတွဲ၊ လိုင်းအမှတ်(၆၄)၊ အခန်း(၄)ရှိ ဒေါ်တင်မြင့်၏ မီးသွေးမီးဖိုမှ တဆင့် (၂၈.၉.၂၀၁၉) ရက်နေ့ (၁၄:၁၀) နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းမှုကြောင့် တစ်ထပ်ပျဉ်ထောင် လိုင်း (၈) ခန်းတွဲ (အားလုံး) မီးလောင် ကျွမ်းခဲ့ရာ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၃၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၅)စုစာ၊ ဆန်ရိက္ခာ ဘိုးထောက်ပံ့ငွေကျပ် (၈၁၉၀၀/-)ကျပ်နှင့် Happy DUO Vanilla & Strawberry (၅)ဖာ၊ Happy Creamy (၅)ဖာ၊ Wah Lah ပုဇွန်ဆီချက်ခေါက်ဆွဲ (၅)ဖာတို့ကို (၂၉.၁၀.၂၀၁၉) ရက်နေ့တွင် ရပ်ကွက်ဓမ္မာရုံ၌ ဘေးသင့်ပြည်သူများထံသို့ သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ygn_oct2019

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events