လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောက်တိုဘာလ (၂၉) ရက်နေ့တွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖျာပုံခရိုင်အတွင်းရှိ NGO၊ INGO များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစည်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့်လူမှုအဖွဲ့အစည်းများမှ လည်းလုပ်ငန်းစဉ်များအား အသီးသီးချပြဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#ayy_oct2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)