Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၀၈) စုမှ လူဦးရေ (၈၇၉) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန်(၂၇၄)အိတ်၊ (၁၆)ပြည်၊ (၄)ဘူးတို့ကို (၅-၁၁-၂၀၁၉) ရက်နေ့တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #otr #rke_nov2019 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၁-၁၀-၂၀၁၉) ရက်နေ့နှင့် (၁-၁၁-၂၀၁၉) ရက်နေ့တို့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အိပ်လဟာကျေးရွာအုပ်စု၊ အိပ်လဟာကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုလဲနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၃) စုရှိ လူဦးရေ (၁၀) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၂၁,၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၂၁,၀၀၀) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(ပလပ်စတစ်ပုံးအပါ) အိမ်ထောင်စု … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲအုပ်စု၊ ဝက်သေအရှေ့ကျေးရွာတွင် (၁-၁၁-၂၀၁၉) ရက်နေ့ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် အသက်ဆုံးရှုံးသူ (၁) ဦးအတွက်ထောက်ပံ့ငွေ (၃၀၀၀၀ဝ/-) ကျပ်ကို အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၅-၁၁-၂၀၁၉) ရက်နေ့ (၁၃:၃၀) အချိန်၌ ဘေးဖြစ်ပွားရာကျေးရွာသို့သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_nov2019 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းငယ်အခြေအနေ
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်) (မြန်မာစံတော်ချိန်(၁၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်) +++++++++++++++++++ မုန်တိုင်းငယ်အခြေအနေ +++++++++++++ ၁။ (က) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည်ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင် ပိုင်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့(Maya Bandar)(ကပ္ပလီကျွန်း-Andaman Islands) ၏ အနောက်-အနောက်မြောက်ဘက် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၉) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မှက္ကတန်ကျေး ရွာအုပ်စု၊ မှက္ကတန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု(၄) စုရှိ လူဦးရေ (၂၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၈၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၄၄၈၃၀၀/-) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးအပါ) (၄) အိမ်ထောင် စာအား … Read more
-
မိုးကြိုးဘေးသင့်သေဆုံးသူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုးကျေးရွာအုပ်စု၊ ကျုံဓမင်း ရှေ့ဘက်ကွင်း၌ (၂၇-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် တောင်သူ (၄) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများထဲမှ ပြည်သူ(၁)ဦးသည် ဖျာပုံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရစဉ် (၃၀-၁၀-၂၀၁၉)ရက်နေ့တွင် သေဆုံးခဲ့၍ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၅-၁၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_nov2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁၀-၂၀၁၉)ရက်နေ့၌ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု၊ လိပ်သေကျေးရွာတွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှဒဏ်ရာရလူနာ (၃) ဦးအတွက်ထောက်ပံ့ ငွေ (၁၅၀,၀၀၀) ကျပ်အား မိုးကြိုးဘေးသင့်ပြည်သူများထံသို့ (၅-၁၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ #ha_tls #bgo_nov2019 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၄) ရွာတွင် ( ၁-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ အိမ်ထောင်စု (၂) စုစာ၊ တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၈၀,၀၀၀)ကျပ် စုစုပေါင်းလူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ( ၆၇,၂၀၀ )ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၄၇,၂၀၀)ကျပ်အား ( ၅-၁၁-၂၀၁၉) ရက်နေ့ (၁၀:၀၀)အချိန်တွင် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၄) ရွာတွင် ( ၁-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ အိမ်ထောင်စု (၂) စုစာ၊ တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၈၀,၀၀၀)ကျပ် စုစုပေါင်းလူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ( ၆၇,၂၀၀ )ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၄၇,၂၀၀)ကျပ်အား ( ၅-၁၁-၂၀၁၉) ရက်နေ့ (၁၀:၀၀)အချိန်တွင် … Read more
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် မင်းထီးလမ်းထောင့်၊ ဘူးသီးတောင်မြို့မဈေးရှေ့၌ စိုက်ထူထားသော ရေဘေးအသိပညာပေး ဗီနိုင်းပိုစတာနေရာ၌ မီးဘေးအသိပညာပေးဗီနိုင်းပိုစတာကို (၅-၁၁-၂၀၁၉) ရက်နေ့တွင် ပြောင်းလဲစိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar_fir #rke_nov2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









