
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၁-၁၀-၂၀၁၉) ရက်နေ့နှင့် (၁-၁၁-၂၀၁၉) ရက်နေ့တို့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အိပ်လဟာကျေးရွာအုပ်စု၊ အိပ်လဟာကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုလဲနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၃) စုရှိ လူဦးရေ (၁၀) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၂၁,၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၂၁,၀၀၀) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(ပလပ်စတစ်ပုံးအပါ) အိမ်ထောင်စု (၃) စုအား (၅-၁၁-၂၀၁၉) ရက်နေ့ (၁၄:ဝဝ) နာရီအချိန်တွင် သာယာဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေး ရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)