Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) မှ (၁၄:၃၀) အချိန်အထိရေစကြိုမြို့၊ အ.ထ.က (၁) ကျောင်း၌ ကျောင်းသား/ သူနှင့် ဆရာ/ ဆရာမ (၁၀၀၀) တို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာ ပေးဆွေးနွေးဟောပြောခြင်းနှင့်ဘောပင်များပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #mgy_nov2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Cyclone Shelter တည်ဆောက်မှုအခြေအနေအားစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် အမျိုးသားသဘာဝဘေးရန်ပုံငွေဖြင့် KKCG မှ တာဝန်ယူတည်ဆောက်နေသော Cyclone Shelter (၂) လုံးဖြစ်သည့် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ခေတ္တာကျွန်းတွင် တည်ဆောက် နေသော Cyclone Shelter (၁) လုံးနှင့် ထောင့်ကြီးတန်းကျေးရွာတို့တွင် တည်ဆောက်နေသော Cyclone Shelter (၁) လုံးတို့၏ (၂၅%) ပြီးစီးမှုအခြေအနေအား QC အဖွဲ့၏ (၂၅%) ပြီးစီးကြောင်း … Read more
-
ငလျင်ဘေးအသိပညာပေးပိုစတာများကပ်နှံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) ရက်နေ့တွင် လူစည်ကားရာနေရာများဖြစ်သည့် ကားဂိတ်၊ ဘူတာ၊ ဈေးနှင့် စာသင်ကျောင်းများ၌ ငလျင်ဘေးအသိပညာပေး ဆောင်ရန်/ ရှောင်ရန် နံရံကပ်ပိုစတာများကပ်နှံခြင်းအား ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။ #ar #sgg_nov2019 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်( ၂၈-၁၁-၂၀၁၉) ရက်နေ့ တွင် (၁၁:၀၀) နာရီအချိန်တွင် သန်လျင်မြို့နယ်ရှိ ညောင်းလေးပင်ကျေးရွာ/ ညောင်လေးပင်ဓမ္မရုံဘုန်းကြီးကျောင်းတွင် ပြည်သူလူထု (၁ဝ၀) ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။ #otr #ygn_nov2019 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀)နာရီအချိန်အထိ ပခုက္ကူမြို့၊ အ.ထ.က(၃) ကျောင်း၌ ကျောင်းသား/ သူ စုစုပေါင်း (၃၉၀) ဦးခန့်ကို ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များဟောပြောခဲ့ပြီး တက်ရောက်လာသူများအား ဘေး (၈) မျိုး လက်ကမ်းစာစောင် များ၊ ဗလာစာအုပ်များ၊ ဘောပင်များနှင့် ငလျင်ဘေးဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_nov2019 Source: … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ အမှတ်(၇)၊ အခြေခံပညာအထက်တန်းကျောင်း ၊ ကွယ်လွယ်၌ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦးတို့ကို သဘာဝဘေးအန္တရာယ်များနှင့့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ဘော့ပင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၉) ရက်နေ့မှ (၂၇-၁၁-၂၀၁၉) ရက်နေ့ထိ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၁၉) အား ဆားလင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ကျင်းပပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #sgg_nov2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်း လုံမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိ သူများနှင့်ပူးပေါင်း၍ ( ၂၈ – ၁၁ – ၂၀၁၉ ) ရက်နေ့၊ နံနက် ( ၁၀ : ၀၀ ) အချိန်မှ ( ၁၂ : ၀၀ ) နာရီအချိန်အထိ လောင်းလုံးမြို့နယ်၊ မကျွန်းမော်ကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ ကျောင်းသား / … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၁:၀၀)နာရီ အချိန်အထိ ပေါင်မြို့နယ်၊ ရဲပြားကုန်းကျေးရွာ အမကရဲပြားကုန်းစာသင်ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ(၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးဗီဒိယိုပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၉) ရက်နေ့ (၀၉:၀၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ဂဏန်းပြင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအနီးပတ်ဝန်းကျင်တောင်ကုန်းများ၌ တပ်မတော်မှ နယ်မြေစိုးမိုးရေးရှင်းလင်းဆောင်ရွက်စဉ် စိုးရိမ်ကြောက်ရွံ့မှုများကြောင့် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ဆွေမျိုးများနေအိမ်၌ရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆) စုမှ၊ ကျား (၉) ဦး၊ မ (၆) ဦး၊ပေါင်း (၁၅) ဦးနှင့်တိုးချဲ့ရပ်ကွက် ဆွေမျိုးများနေအိမ်၌ ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု (၄) စုမှကျား (၈) ဦး၊ မ (၁၀) … Read more









