လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် အမျိုးသားသဘာဝဘေးရန်ပုံငွေဖြင့် KKCG မှ တာဝန်ယူတည်ဆောက်နေသော Cyclone Shelter (၂) လုံးဖြစ်သည့် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ခေတ္တာကျွန်းတွင် တည်ဆောက် နေသော Cyclone Shelter (၁) လုံးနှင့် ထောင့်ကြီးတန်းကျေးရွာတို့တွင် တည်ဆောက်နေသော Cyclone Shelter (၁) လုံးတို့၏ (၂၅%) ပြီးစီးမှုအခြေအနေအား QC အဖွဲ့၏ (၂၅%) ပြီးစီးကြောင်း အတည်ပြုချက်အရ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်တည်ဆောက်ရေးကြီး ကြပ်မှုကော်မတီ၊ ကျေးရွာတာဝန်ခံအဖွဲ့ဝင်များမှ ပူးပေါင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ ခေတ္တာကျွန်း ဘုန်းကြီးကျောင်းတွင် ကျေးရွာပြည်သူများနှင့် လူထုတွေ့ဆုံပွဲကျင်းပ ခဲ့ရာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#ayy_nov2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)