
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၉) ရက်နေ့ (၀၉:၀၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ဂဏန်းပြင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအနီးပတ်ဝန်းကျင်တောင်ကုန်းများ၌ တပ်မတော်မှ နယ်မြေစိုးမိုးရေးရှင်းလင်းဆောင်ရွက်စဉ် စိုးရိမ်ကြောက်ရွံ့မှုများကြောင့် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ဆွေမျိုးများနေအိမ်၌ရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆) စုမှ၊ ကျား (၉) ဦး၊ မ (၆) ဦး၊ပေါင်း (၁၅) ဦးနှင့်တိုးချဲ့ရပ်ကွက် ဆွေမျိုးများနေအိမ်၌ ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု (၄) စုမှကျား (၈) ဦး၊ မ (၁၀) ဦး ပေါင်း (၁၈) ဦး၊ စုစုပေါင်း (၃၃) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာ (၄) အိတ်၊ (၁၉) ပြည်၊ (၄) ဘူး တန်ဖိုးငွေ (၁၃၈,၆၀၀) ကျပ်အား (၂၇-၁၁-၂၀၁၉) ရက်နေ့တွင် ပြည်သူများလက် ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_nov2019
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)