သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

 

28_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်း လုံမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိ သူများနှင့်ပူးပေါင်း၍ ( ၂၈ – ၁၁ – ၂၀၁၉ ) ရက်နေ့၊ နံနက် ( ၁၀ : ၀၀ ) အချိန်မှ ( ၁၂ : ၀၀ ) နာရီအချိန်အထိ  လောင်းလုံးမြို့နယ်၊ မကျွန်းမော်ကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ ကျောင်းသား / သူ စုစုပေါင်း ( ၁၀၀ )ဦးကို သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခြင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဗွီဒီယိုပြသခြင်း၊ သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#tny _nov2019

Source : လောင်းလုံမြို့နယ်ဦးစီမှူးရုံး(ဘစမ)

Sign Up

Upcoming Events