Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရေတာ ရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ မယ်ဒက်ကယ်ဘုရားကျောင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာနေပြည်သူများ၊ ကျောင်းသား/ သူများ စုစုပေါင်း (၂၅၀) ဦးခန့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ပြီး အသိ ပညာပေးလက်ကမ်း စာစောင်များဝေငှပေးခြင်း၊ မုန့်များဝေငှပေးခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သို့ဗီနိုင်းပိုစတာ ပေးအပ်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တောင်ငူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ ကော့ရင်းအထက်ကျေးရွာ၌ အ.လ.က (ကော့ရင်း)အထက် ကျောင်းသူ/သားများနှင့် ကျေးရွာသူ/သား(၄၅၀)တို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၀-၁၁-၂၀၁၉) ရက်နေ့၌ ရသေ့တောင်မြို့နယ်၊ အငူမော်ကုန်တန်းကျေးရွာနေ (ဘ)ဦးဝင်းမောင်ချေ၏သား မောင်ကျော်သက်ဦး အသက် (၁၄)နှစ်သည် နွားကျောင်းနေစဉ်မိုင်းပေါက်ကွဲ၍ သေဆုံးမှုအတွက်ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်အား သေဆုံးသူမိဘထံသို့ (၄-၁၂-၂၀၁၉)ရက်နေ့တွင် လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ချုပ်ကို လက်ခံတွေ့ဆုံ
ဒီဇင်ဘာ၅၊နေပြည်တော် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနမေခလာ ခန်းမ၌လက်ခံတွေ့ဆုံ ခဲ့ပါသည်။ တွေ့ဆုံရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်နိုင်ရန်မဟာဗျုဟာစီမံချက် (၂၀၂၀-၂၀၂၅) ကိုရေးဆွဲလျက်ရှိကြောင်း၊ ထိုမဟာဗျူဟာ စီမံချက်သည် အာဆီယံအထောက်အကူပြု မဟာဗျူဟာစီမံချက်၂၀၂၅ (ASEAN Enabling Masterplan 2025) နှင့်ကိုက်ညီအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မသန်စွမ်း အဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ချုပ်က ဦးဆောင်၍ မသန်စွမ်းအနုပညာပွဲတော်ကို ယခုလ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၁၉) ရက်နေ့တွင် မော်လမြိုင်မြို့၊ ညောင်ပင် ဆိပ်ရပ်ကွက်၊ ဓမ္မာရုံ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူလူထု (၅၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_dec2019
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်(၃)ခု ခွဆုံကျေးရွာ၊ အုန်းချောင်းကျေးရွာနှင့် အရှေ့မြောက်ရပ်ကွက်သို့ (၂၉-၁၁-၂၀၁၉)ရက်နေ့တွင် ထပ်တိုးရောက်ရှိလာသောတိုက်ပွဲရှောင် အိမ်ထောင်စု(၂၁၈)စု၊ လူဦးရေ (၈၈၆)ဦးအတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၁၂၉)အိတ်၊ (၁၅)ပြည်အား (၄-၁၂-၂၀၁၉)ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ခွဲထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ ပေတောကျေးရွာအုပ်စု၊ ပေတော ကျေးရွာ၌ (၄-၁၂-၂၀၁၉) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းခဲ့ရာ မီးဘေးကြောင့် ပျက်စီးအိမ်ခြေ (၁၅) လုံး၊ အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၆၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုငေွ (၇) ရက်စာ(၁၃၈,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၈၃၈,၆၀၀/-) ကျပ်နှင့် … Read more
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၁၂-၂၀၁၉) ရက်နေ့တွင် ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ဝရငယ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၉) ဦး အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ် တို့အား (၅-၁၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅.၁၂.၂၀၁၉)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က(ချိကယ်)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၁၃၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_dec2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဌာနဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများကို ဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (5.12.2019)ရက်နေ့ (13:30)နာရီမှ (15:10)နာရီထိ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း(170)ဦးတို့ အား ဦးစီးဌာနနှင့်ပတ်သက်သောလုပ်ငန်းတာဝန်များ၊ ထောက်ပံ့နှုန်းထားများ၊ သဘာဝဘေးများဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များ၊ မိုးကြိုးဘေးဖြစ်ပွားပါက မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို လိုက်ပါဆောင်ရွက်စေခြင်းများအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)









