ဒီဇင်ဘာ၅၊နေပြည်တော်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနမေခလာ ခန်းမ၌လက်ခံတွေ့ဆုံ ခဲ့ပါသည်။
တွေ့ဆုံရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်နိုင်ရန်မဟာဗျုဟာစီမံချက် (၂၀၂၀-၂၀၂၅) ကိုရေးဆွဲလျက်ရှိကြောင်း၊ ထိုမဟာဗျူဟာ စီမံချက်သည် အာဆီယံအထောက်အကူပြု မဟာဗျူဟာစီမံချက်၂၀၂၅ (ASEAN Enabling Masterplan 2025) နှင့်ကိုက်ညီအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မသန်စွမ်း အဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ချုပ်က ဦးဆောင်၍ မသန်စွမ်းအနုပညာပွဲတော်ကို ယခုလ နောက်ဆုံးပတ်တွင် ကျင်းပ မည်ဖြစ်ရာ ထိုမဟာဗျူဟာကို အားလုံးကျယ်ကျယ်ပြန့်ပြန့်သိရှိ နိုင်ရေးထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မသန်စွမ်းအနုပညာပွဲတော်တွင် မသန်စွမ်းသူများ လွယ်ကူစွာသွားလာ ပါဝင်ဆင်နွဲနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_dec2019
Source: MOSWRR