မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

6 _ Pic _ 01 6 _ Pic _ 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ ပေတောကျေးရွာအုပ်စု၊ ပေတော ကျေးရွာ၌ (၄-၁၂-၂၀၁၉) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းခဲ့ရာ မီးဘေးကြောင့် ပျက်စီးအိမ်ခြေ (၁၅) လုံး၊ အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၆၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုငေွ (၇) ရက်စာ(၁၃၈,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၈၃၈,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၇) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၉) အိမ်ထောင်စာတို့အား (၅-၁၂-၂၀၁၉) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

#ha_fir
#mgy_dec2019

Sign Up

Upcoming Events