လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရေတာ ရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ မယ်ဒက်ကယ်ဘုရားကျောင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာနေပြည်သူများ၊ ကျောင်းသား/ သူများ စုစုပေါင်း (၂၅၀) ဦးခန့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ပြီး အသိ ပညာပေးလက်ကမ်း စာစောင်များဝေငှပေးခြင်း၊ မုန့်များဝေငှပေးခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သို့ဗီနိုင်းပိုစတာ ပေးအပ်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#bgo_dec2019