Category Archives: News
-
ငလျင်ဘေးအသိပညာပေးပိုစတာများကပ်နှံဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် အများပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးသည့်အနေဖြင့် ချင်းတွင်း မြစ်ကမ်းတစ်လျောက်ရှိ အမြန်ရေယာဉ်ဂိတ်များ/ အမြန်ရေယာဉ်များပေါ်နှင့် အဝေးပြေး ကားဂိတ်များ/ မီးရထားဘူတာများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးပိုစတာများ သွားရောက်ကပ်ယူပြီးစီးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar-eqk #sgg_nov2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအသိပညာပေးပိုစတာများကပ်နှံဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့တွင်လူစည်ကားရာနေရာများဖြစ်သည့် ကားဂိတ်၊ ဈေး၊ လေယာဉ်ကွင်းနှင့် ဘဏ်ရှေ့တို့တွင်ငလျင်ဘေးအသိပညာပေးဆောင်ရန်/ ရှောင်ရန်နံရံကပ်ပိုစတာများကပ်နှံ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar-eqk #sgg_nov2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ရေးမြို့နယ်၊ ရင်းရယ်ကျေးရွာအုပ်စု အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ (၂၉-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်အထိ ကျေးရွာသူ/ သား (၁၀၀) ဦးခန့်ကို သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအားဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mon_nov2019 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ နေလည် (၀၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ ထိ ကျိုင်းတုံမြို့၊ ကတ်ထိုက် ကျေးရွာအုပ်စု၊အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကတ်ထိုက်တွင် ကျောင်းသူ/ ကျောင်း သားနှင့် ဆရာမ (၂၀၀) ဉီးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင် ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ သို့ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉ ) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ စစ်ကုန်းလေးကျေးရွာတွင် (၂၈- ၁၁- ၂၀၁၉) ရက်နေ့၌ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု(၂) စု၊ လူဦးရေ (၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀ဝ/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၈၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ အ.ထ.က (မုက္ကဒိ) ကျောင်း၌ ကျောင်းသား/ သူ (၃၀၀) တို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #krn_nov2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ (၂၈-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီအထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က (ကုန်းသာ) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၁၂၅) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခဲ့ပါကြေင်း သတင်းရရှိပါသည်။ #ar #Kyh_nov2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ အ.ထ.က(၂) ကျောင်းခန်းမ၌ (၂၈-၁၁-၂၀၁၉) ရက်နေ့တွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၅၀) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းအတွင်း တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး (၂၉-၁၁-၂၀၁၉) ရက်နေ့တွင်လည်း အဆိုပါသင်တန်းကို ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သီးနှံဖျက်ပိုးကျရောက်မှုကြောင့်စပါးများပျက်စီးမှုကြုံတွေ့ခဲ့ရသောပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမူးရုံးမှတာဝန်ရှိသူများသည် ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ် ပန်နန်းဒင်မြို့ရှိ မြို့မရပ်ကွက်၊ အလိအောင်ကျေးရွာ၊ ဒဇူလောင်ကျေးရွာ၊ ဂဝါကျေးရွာနှင့် ဂဝိုင်ကျေးရွာတို့၌ စိုက်ပျိုးထားသော တောင်ယာစပါးများတွင် ရိုးရိုးငမြှောင်ဖျက်ပိုးများကျရောက် မှုကြောင့် သီးနှံများပျက်စီးမှုကြုံတွေ့ခဲ့ရသော လူဦးရေ (၃၅၀) ဦးတို့အား ဆန်ရိက္ခာ (၁) လစာအတွက် ဆန်အိတ် (၁၀၉) အိတ်၊ (၉) ပြည်အား (၂၅-၁၁-၂၀၁၉) နေ့တွင် မြို့အုပ်ချုပ်ရေးမှူးတို့နှင့် အတူ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_otr #kcn_nov2019 Source: ပူတာအိုခရိုင်ဦးစီးမူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) ရက်နေ့၊ (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်အထိ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၌ ရွာသူ/ရွာသား (၁၀၀) ဉီးခန့်ကို သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခြင်း၊ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)









