Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ကသာခရိုင်၊ အင်းတော်မြို့၊ ရေတွင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၃၅၀)ဦးတို့အား (၆-၁၂-၂၀၁၉) ရက်နေ့(၁၃:၀၀)နာရီမှ(၁၅:၀၀)နာရီထိ သဘာဝဘေးနှင့်ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec 2019 Sourceး ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဆင်းပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၄/၂၀၁၉)ကို (၄-၁၂-၂၀၁၉)ရက်နေ့မှ(၆-၁၂-၂၀၁၉)ရက်နေ့အထိ သင်တန်းသား/ သင်တန်း သူ (၃၀)ဦး တို့ဖြင့်ဖွင့်လှစ်ခဲ့ပြီး (၆-၁၂-၂၀၁၉)ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_dec 2019
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉) ရက်နေ့ နံနက် (၀၄:၀၀) နာရီတွင် ကနိကျေးရွာအုပ်စု၊ ကနိချောင်းဝကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ခြင်းအတွက် မီးဘေးသင့်အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၉ ) စု မှ လူဦးရေ (၄၄) ဦး အတွက် လတ်တလော သက်သာစေပေးအပ်ခဲ့ရာ ဖျာပုံခရိုင်မီးသတ်ဦးစီးမှူး၊ ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ပေးအပ်ခဲ့ပြီး ဘေးသင့်ပြည်သူများအား အားပေးစကားများပြောကြားခဲ့ပါသည်။ မီးဘေးသင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ကြပ်စဉ်ချောင်းကျေးရွာအုပ်စု၊ ကြပ်စဉ်ချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec 2019 Sourceး မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကိုယ်ဝန်ဆောင်မိခင်များ နှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအတွက် ငွေကြေး အထောက်အပံ့ပေးသည့်(MCCT) အစီအစဉ်တွင် အသုံးပြုမည့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၆ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအတွက် ငွေကြေးအထောက်အပံ့ပေးသည့်(MCCT) အစီအစဉ်တွင် အသုံးပြုမည့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာဝန်ဆောင်မှုပေးသူများ၏တာဝန်နှင့် ဝတ္တရားများအား ရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေနှင့် အမျိုးသားအဆင့်လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို အခြေခံ၍ အဓိက အစီအစဉ် (၈)ခုကို အဆင့်လိုက် အကောင်အထည်ဖော် … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားJICA အဖွဲ့ကလာရောက်တွေ့ဆုံ
နေပြည်တော်၊ဒီဇင်ဘာ၆ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား JICA၏ အကူအညီဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့်ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာကျွမ်းကျင်ပညာရှင်ဖြစ်သူMr.SeishiNabesakaဦးဆောင်သောအဖွဲ့သည်ယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင်ဘေးအန္တရာယ်လျော့ပါရေးဆိုင်ရာကျွမ်းကျင်ပညာရှင်Mr. Seishi Nabesake အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလမှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိရာရောက်ရှိသည့်အချိန်မှစ၍JICAအဖွဲ့အစည်း၊သက်ဆိုင်ရာဦးစီးဌာနများနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင်နှစ်စဉ်ကြုံတွေ့ရလေ့ရှိသော ရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် Master Plan တစ်ခုရေးဆွဲဆောင်ရွက်နိုင်ရေး၊ ဒေသအလိုက် ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးစီမံချက်များ ရေးဆွဲဆောင်ရွက်နိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သင်တန်းများပူးတွဲပို့ချနိုင်ရေး၊ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (၂၀၁၇)၊ ကမ္ဘာလုံးဆိုင်ရာ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)တို့အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့် ကြည့်ရှုခြင်း ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရေး၊ … Read more
-
ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၀၁၉ အာရှ-ပစိဖိတ် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံသို့တက်ရောက်မှုသတင်း
ဒီဇင်ဘာလ(၆)ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ၄.၁၂.၂၀၁၉ မှ ၆.၁၂.၂၀၁၉ ထိ ကျင်းပပြုလုပ်သည့် ၂၀၁၉ အာရှ-ပစိဖိတ် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံသို့ ၄.၁၂.၂၀၁၉နေ့ နံနက်ပိုင်းတွင် ပထမနေ့အဖြစ် တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနား၌ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr.Vu Duc Dam အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ Chair of ARNEC (Asia-Pacific Regional Network for Early Childhood) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီမှ(၁၂:ဝဝ)နာရီအထိ မိုင်းဖြတ်မြို့နယ်၊ နမ့်နန်းကျေးရွာအုပ်စု၊ ကချင်းစံပြကျေးရွာ (အ.မ.က) ကျောင်းတွင် ကျေးရွာသူ/ကျေးရွာသား၊ ဆရာ/ဆရာမ ၊ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲအားပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး၏ ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များနှင့်မုန့်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆.၁၂.၂ဝ၁၉)နေ့ (၁၂:၃ဝ)မှ(၁၃:၃၀)ထိ လိပ်ခမော်ကျေးအုပ်စု၊လိပ်ခမော်ကျေးရွာ(အ.လ.က)၌ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်ပွားစဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပွားပြီးဆောင်ရန်/ရှောင်ရန်များကိုဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် မုန့်များဝေငှခြင်းတို့ဆောင်ရွက်ခဲ့ရာ ဆွေးနွေးဟောပြောပွဲသို့ ဆရာ/မများ ၊ကျောင်းသူ/သားများနှင့် ရွာသူ/ရွာသားများ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_dec2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၂.၂ဝ၁၉)နေ့ (၁ဝး.၃ဝ)နာရီမှ (၁၁:၃၀)နာရီအထိ လိပ်ခမော်ကျေးရွာအုပ်စု၊ မလကျွန်းကျေးရွာ (အ.ထ.က)(ခွဲ)၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်ပွားစဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပွားပြီး ဆောင်ရန်/ ရှောင်ရန်များကို ဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် မုန့်များဝေငှခြင်းတို့ဆောင်ရွက်ခဲ့ရာ ဆွေးနွေးဟောပြောပွဲသို့ မုန့်များ၊ ကျောင်းသူ/သားများ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_dec2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)









