မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

 

 

7 _ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉) ရက်နေ့ နံနက် (၀၄:၀၀)  နာရီတွင် ကနိကျေးရွာအုပ်စု၊ ကနိချောင်းဝကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ခြင်းအတွက် မီးဘေးသင့်အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၉ ) စု မှ‌ လူဦးရေ (၄၄) ဦး အတွက် လတ်တလော သက်သာစေပေးအပ်ခဲ့ရာ ဖျာပုံခရိုင်မီးသတ်ဦးစီးမှူး၊ ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ပေးအပ်ခဲ့ပြီး ဘေးသင့်ပြည်သူများအား အားပေးစကားများပြောကြားခဲ့ပါသည်။ မီးဘေးသင့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများ၊ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဉီးစီးမှူးရုံး(ဘစမ)

#ha_fir

#ayy_dec2019

 

Sign Up

Upcoming Events