ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားJICA အဖွဲ့ကလာရောက်တွေ့ဆုံ

နေပြည်တော်၊ဒီဇင်ဘာ၆

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား JICA၏ အကူအညီဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့်ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာကျွမ်းကျင်ပညာရှင်ဖြစ်သူMr.SeishiNabesakaဦးဆောင်သောအဖွဲ့သည်ယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင်ဘေးအန္တရာယ်လျော့ပါရေးဆိုင်ရာကျွမ်းကျင်ပညာရှင်Mr. Seishi Nabesake အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလမှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိရာရောက်ရှိသည့်အချိန်မှစ၍JICAအဖွဲ့အစည်း၊သက်ဆိုင်ရာဦးစီးဌာနများနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင်နှစ်စဉ်ကြုံတွေ့ရလေ့ရှိသော ရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် Master Plan တစ်ခုရေးဆွဲဆောင်ရွက်နိုင်ရေး၊ ဒေသအလိုက် ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးစီမံချက်များ ရေးဆွဲဆောင်ရွက်နိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သင်တန်းများပူးတွဲပို့ချနိုင်ရေး၊ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (၂၀၁၇)၊ ကမ္ဘာလုံးဆိုင်ရာ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)တို့အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့် ကြည့်ရှုခြင်း ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရေး၊ ရေဘေးအန္တရာယ်အပါအဝင် မီးလောင်မှု၊ မုန်တိုင်း၊ ငလျင်စသည့်သဘာဝဘေးအမျိုးအမျိုးအတွက် လိုအပ်သောနည်းပညာများ၊ သက်ဆိုင်ရာဌာနအသီးသီးပူးပေါင်းဆောင်ရွက်မှုများ၊ ပြင်ဆင်မှုများ၊ အရေးပေါ်ပုံစံတူ လေ့ကျင့်ခန်း များပြုလုပ်ခြင်း၊ သတင်းအချက်အလက်များ ထိရောက်လျင်မြန်စွာဖြန့်ဝေခြင်းစသည့် နယ်ပယ်များ တွင် ဂျပန်နိုင်ငံရှိဌာန အသီးသီးနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

#hl1
#npw_dec2019

Source: MOSWRR

Sign Up

Upcoming Events