Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရိက္ခာ ထပ်မံလိုအပ်လျက်ရှိသော ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ လမ်းမဘုန်းတော်ကြီး ကျောင်း၊ ဖုံညိုလိပကျေးရွာ၊ စေတီတောင်းကျေးရွာ၊ စုရပ်စခန်း (၄) တွင်ရှိသော တိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု (၁,၁၇၉) စု၊ လူဦးရေ (၅,၄၁၀) ဦး အတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန် (၇၈၈) အိတ် (၂၃) ပြည်အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင် ကျေးရွာအုပ်စု၊ ကျောက်စာတိုင်ကျေးရွာသို့ အသစ်ထပ်မံရောက်ရှိလာကြသော တိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု … Read more
-
အသိပညာပေးနံရံကပ်ပိုစတာများအား မော်လိုက်မြို့ပေါ် လူစည်ကားရာ အရပ်များတွင် ကပ်ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် မော်လိုက်မြို့ပေါ် လူစည်ကားရာ အရပ်များဖြစ်သော အမြန်ယာဉ်ဂိတ်၊ မော်တော်ကားဂိတ်၊အ.ထ.က ကျောင်းဝန်းနှင့် အ.မ.က ကျောင်းရှေ့ ဘက်များတွင် ငလျင်ဘေးအသိပညာ ပေးနံရံကပ်ပိုစတာများ သွားရောက်ကပ်ခဲ့ကြောင်း သိရှိရပါသည်။ #sgg_nov2019 Source: မော်လိုက်ခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉)ရက်နေ့ နေ့လည်(၁၃:၀၀)အချိန်မှ (၁၄:၃၀) အချိန် အထိ ပင်လောင်းမြို့နယ် အလကအရှေ့ရပ်၌ ကျောင်းသား/ သူ (၂၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_nov2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉)ရက်နေ့(၁၄:၀၀) အချိန်တွင် ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မကျောင်း၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်သူ ကျောင်းသား /သူ (၃၃၃) ဦးတို့အား လက်ကမ်းစာစောင်နှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #sgg_nov2019 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ (၂၉.၁၁.၂၀၁၉)ရက်နေ့တွင် (၁၅:၀၀)နာရီအချိန်တွင် တွံတေးမြို့နယ်ရှိ ပျော်ဘွယ်လေးကျေးရွာ၊ ဓမ္မသုခကာရီဘုန်းကြီးကျောင်းတွင် ပြည်သူလူထု(၁ဝ၀)ဦးအား သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ အားဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ #ar #ygn_nov2019 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကျား/မ တန်းတူညီမျှရေး ပေကျင်းကြေငြာချက် ၂၅ နှစ်ပြည့် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အာရှ-ပစိဖိတ်ဝန်ကြီးများအဆင့် ညီလာခံသို့ တက်ရောက်၍ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံ
နိုဝင်ဘာ ၂၉ ၊ ဘန်ကောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယမန်နေ့ မွန်းလွဲပိုင်းက UN. Women ဌာနချုပ်၏ Deputy Executive Directorဖြစ်သူ Ms. Anita Bhatia နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ ဝန်ထမ်းများ အပါအဝင်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး ဆိုင်ရာကိစ္စများတွင် UN.Womenနှင့် ဆက်လက် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ (၁၁:၀၀) အချိန်ထိပင်လောင်းမြို့နယ် အ.ထ.က (ရင်းမီး) ၌ကျောင်းသား/ သူ (၁၉၀) ဦးအားသဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြ သခြင်းများအား ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #shn_nov2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ရုံး၌ ဒုတိယကွပ်ကဲရေးမှူးနှင့် အရာရှိ ၊ အရာခံ၊ အကြပ် ရဲဝန်ထမ်းအင်အား (၁၅၀) ဦးအား သဘာဝဘေး စီမံခန့်ခွဲမှုနှင့် ဖွဲ့စည်းမှု ၊ ဥပဒေ ၊ နည်းဥပဒေနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား အသိပညာပေးဆွေးနွေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဥပဒေစာအုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီး ငလျင်ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ တုန့်ပြန်ရေးစီမံချက်စာအုပ်များအား ဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #ygn_nov2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၀၀)ချိန်မှ (၁၅:၀၀) ချိန်အထိ ပုဗ္ဗသီရိမြို့နယ် အ.ထ.က (၂၀) စာသင်ကျောင်းတွင် ကျောင်းသား/ သူများ သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့ရာ ကျောင်းသား/ သူ (၂၇၈) ဦး တက်ရောက်ခဲ့ပြီး အဆိုပါ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာ များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီ မှ (၁၅:၀၀) နာရီ အချိန်အထိ ရေစကြိုမြို့၊ အ.လ.က (ခွဲ) ကျောင်း၌ ကျောင်းသား/ သူနှင့် ဆရာ၊ ဆရာမ (၂၀၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ ရေဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး ဗလာစာအုပ်များပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mgy_nov2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး … Read more









