လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ နာတာကျိုကျေးရွာရှိ အမက -ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ကျေးလက်ရှိပြည်သူများ လူဦးရေစုစုပေါင်း(၇၅)ဦးအားလည်းကောင်း၊ နေ့လည်ချိန်(၁၃:ဝဝ)နာရီ မှ(၁၅:ဝဝ)နာရီအထိ မိုင်းကိုးကျေးရွာအုပ်စု၊ မနောကျေးရွာရှိ အခြေခံမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ကျေးလက်ရှိ ပြည်သူများ လူဦးရေစုစုပေါင်း (၈၀)ဦးတို့အား သဘာ၀ဘေးနှင့်စပ်လျဉ်း၍အသိပညာပေးဆွေးနွေးခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းနှင့်၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာ၀ဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ၊ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးဟောပြောခဲ့ပြီး ၊ ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်သည့် အနေအထားများကိုပြသခြင်းနှင့် ဂိမ်းများကစားခြင်းကိုပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#chn_dec 2019
Sourceး တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)