လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့ (၁၅:၀၀)နာရီချိန်တွင် ကော့ကရိတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre အစည်းအဝေးခန်မ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးမှသင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ သင်တန်းသူ/သားများကိုယ်စား သင်တန်းသားမှ(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ စုစုပေါင်း (၇၀)ဦးတို့ဖြစ် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_dec 2019