မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

7_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့ နယ်၊ ရှော်ချောင်းကျေးရွာအုပ်စု၊ ကတ္တီပါရွာသစ်ကျေးရွာ၌ (၆-၁၂-၂၀၁၉) ရက်နေ့ ၊ (၀၉:၁၅ ) နာရီအချိန်တွင် ဖြစ်ပွားသော မီးဘေးသင့်အိမ်ခြေ (၁၉) လုံး၊ အိမ်ထောင်စု (၂၄) စုမှ ဘေးသင့်လူဦးရေ (၁၁၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးပါ (၂၄) ပုံး၊(၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၄၁,၅၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀၀၀/-)၊ စုစုပေါင်းငွေ (၂၄၄၁၅၀၀/-) ကျပ်အား ကတ္တီပါရွာသစ်ကျေးရွာ၌ (၆-၁၂-၂၀၁၉) ရက်နေ့၊ (၁၉:၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fir

#ayy_dec2019

 

Sign Up

Upcoming Events