Category Archives: News
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းပေါက်ကွဲမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာမှ ဒဏ်ရာရရှိသူ နော်ဘီဟူဆောင်း (ဘ)အာမိန်ဟူဆောင်း အသက်(၁၂)အတွက် ဒဏ်ရာရထောက်ပံငွေ(၅၀၀၀၀/-)အား (၃-၁၂-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019
-
တိုက်ပွဲဖြစ်ပွားမှုများကြောင့် သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် နေထိုင်၍ ပညာသင်ကြားနေကြသည့် ကျောင်းသား/သူ များအတွက် ဆန်ရိက္ခာများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင် မြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် နေထိုင်၍ ပညာသင်ကြား နေကြသည့် ကျောင်းသား/သူ (၄၉) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ (၁၅) အိတ်၊ (၇) ပြည်၊ (၄) ဘူးတို့အား (၃-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_dec2019
-
ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သပိတ်ကျင်းမြို့နယ်တွင်း၌ (၂၈-၁၁-၂၀၁၉) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၁၇၆) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၁၇၆) အိမ်ထောင်စာ၊ အိမ်ခြေ (၁၇၇) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆,၄၅၀,၀၀၀/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းအတွက် ထောက်ပံ့လှူဒါန်းငွေ (၄၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၆,၈၅၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၁၇၆) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:ဝ၀) ချိန်မှ (၁၄:၃၀) ချိန်အထိ တပ်ကုန်းမြို့၊ ညောင်လွန့် (အ.ထ.က) စာသင်ကျောင်းတွင်ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်များနှင့် ပက်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၄၀၀) ဦးအား အသိပညာပေးဟောပြော ခဲ့ပြီးတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #npw_Dec_2019 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉)ရက်နေ့တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေသီလာခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ်(၃/၂၀၁၉)အား သင်တန်းသား(၃၀)ဦးဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_dec 2019
-
Mon state DRR working group ၏ (၂၀၂၀) ခုနှစ် လုပ်ငန်းစီမံကိန်းများပူးပေါင်းဆောင်ရွက်ရေး၊ Mon DRR working group ၏ လုပ်ငန်းစီမံချက် ပေါ်ထွက်လာနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Mon State DRR working group တို့ ပူးပေါင်း၍ (၂-၁၂-၂၀၁၉) ရက်နေ့တွင် မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ Mon state DRR working group ၏ (၂၀၂၀) ခုနှစ် လုပ်ငန်းစီမံကိန်း များ ပူးပေါင်းဆောင်ရွက်ရေး၊ Mon DRR working group ၏ လုပ်ငန်းစီမံချက် ပေါ်ထွက်လာနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာ ရခိုင်ပြည်နယ်တွင် ရှင်းလင်းပြောကြား
ဒီဇင်ဘာ ၂ ၊ စစ်တွေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းကို စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပြည်တွင်း နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာနှင့်ပတ်သက်၍ လာရောက်အသိပေးရှင်းလင်းခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကဦးတည်ချက်များ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ သွေးနက်ကျေးရွာအုပ်စု၊ ကြီးနီ ကျေးရွာ၌ (၁-၁၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေစုစုပေါင်း (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၀၆,၃၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၂-၁၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ ကသာခရိုင်၊ ထီးချိုင့်မြို့ နယ်မောင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌(၂.၁၂.၁၉)ရက်နေ့ (၁၃:၀၀)နာရီမှ(၁၅:၀၀) နာရီအထိကျောင်းသူကျောင်းသား (၃၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်ရှောင်ရန်များအသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2019 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာ အုပ်စု၊ စံကင်းကျေးရွာ၌ (၁-၁၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးနှင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၅) လုံး စုစုပေါင်းနေအိမ် (၆) လုံးမှ လူဦးရေ (၁၈) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာရန်ပုံငွေ … Read more









