Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူအခြေခံသင်တန်း(၁/၂၀၁၉) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် ဝန်းသိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ သင်တန်း (၁/၂၀၁၉) ကို ဌာနဆိုင်ရာမှ တက်ရောက်သူ (၃၀) ဦး၊ သင်တန်းသား/သူ (၃၀) ဦး၊ စုစုပေါင်း (၆၀) ဦး တို့ဖြင့်ဖွင့်လှစ်ခဲ့ရာ ဝန်းသိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူ (၁) ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၂-၁၂-၂၀၁၉) ရက်နေ့အထိ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၆-၁၂-၂၀၁၉) ရက်နေ့တွင်မြိတ်မြို့နယ် ၊ ရေပုန်းရပ်ကွက်မှ မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး ခဲ့သောနေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀,၅၀၀)ကျပ် (ဆုံးရုံးမှုတန်ဘိုး အတိုင်း) နှင့် လူ(၄) ဦးအတွက်ဆန်ရိက္ခာဖိုးငွေ(၈၄,၀၀) ကျပ်၊ စုစုပေါင်းငွေ (၁၈,၉၀၀) ကျပ် အား (၉-၁၂-၂၀၁၉) နေ့၊ နေ့လည် (၁၀:ဝဝ) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_dec2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ကရင်ပြည်နယ် လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများ၊ NGOs၊ INGOsနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်းလူဦးရေ(၈၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့ (၁၃:၀၀) အချိန်မှ (၁၄:၁၅) နာရီအချိန်အထိ ပင်လောင်းမြို့နယ်၊ အလက နန်းထာ၌ ကျောင်းသား/သူ (၁၀၀) ဦးအား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး ဗွီဒီယို ပြသခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၉) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၁:၀၀) နာရီအချိန်အထိ ပင်လောင်းမြို့နယ်၊ အထက ပင်ခွန်၌ ကျောင်းသား/သူ (၃၅၀) ဦးအား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး ဗွီဒီယို ပြသခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မသန်စွမ်းလူ့အခွင့်အရေးပူးပေါင်းမြှင့်တင်နိုင်ရေးနယူးဇီလန်နိုင်ငံတွင်ဆွေးနွေး
ဒီဇင်ဘာ၉၊ နယူးဇီလန် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် နယူးဇီလန်နိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ယနေ့နံ့နက်ပိုင်း၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စရပ်တို့နှင့်ပတ်သက်၍လေ့လာဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မသန်စွမ်းမှုဆိုင်ရာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ဒီမိုကရေစီအကူးအပြောင်း အတွက်ကြိုးပမ်းဆောင်ရွက်မှုများ၊ နိုင်ငံသူ၊နိုင်ငံသားတိုင်း၏ လူ့အခွင့်အရေးကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာတွင် မသန်စွမ်းသူများ၏အခွင့်အရေးများနှင့်စပ်လျဉ်း၍ တိုးတက် ပြောင်းလဲမှုများ၊ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ၊ နည်းဉပဒေပြဌာန်းဆောင်ရွက်ခြင်း၊ အမျိုးသားကော်မတီနှင့်လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပြီးနေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီအဆင့်ဆင့်အပြင်ဆပ်ကော်မတီ(၉)ခုဖွဲ့စည်းဆောင်ရွက် နေမှုများ၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၉)ရက်နေ့(၁၃:၀၀)နာရီချိန်မှ(၁၄:၃၀)နာရီချိန်အထိ ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု နမ်ရှယ်ကျေးရွာ ရှိ ကျေးရွာနေ ပြည်သူ(၉၅)ဦးခန့်ကို မိမိတို့ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးထောက်ပံ့မှုနှုန်းထားများအား အကျယ်တဝင့်ရှင်းလင်းပြော ကြားခြင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ(ရေဘေး-မီးဘေး-လေပြင်းမုန်တိုင်းဘေးနှင့် ငလျင်ဘေး) အန္တရာယ်များအကြောင်း ဆောင်ရန်/ရှောင်ရန်အချက် များအား ဟောပြော ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗီနှိုင်းပိုစတာများအားဖြန်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_dec 2019
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၁၂.၂၀၁၉)ရက်နေ့၊ (၁၃:၃၀)ချိန်မှ (၁၅:၀၀)ချိန်အထိ ဥတ္တသီရိမြို့နယ်၊ ကျည်တောင်ကန် (အ.ထ.က) စာသင်ကျောင်းတွင်် ကျောင်းသား/သူများအား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၂၀၀)ဉီးအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2019 Source: ဉတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ ရွေအင်ဒံကျေး ရွာ၌ (၈-၁၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်လူနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ Family Kit (၁) ထုပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်တို့အား (၉-၁၂-၂၀၁၉) ရက်နေ့တွင် (၁၅:၀၀) နာရီ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၆-၁၂-၂၀၁၉)ရက်နေ့နှင့် (၇-၁၂-၂၀၁၉)ရက်နေ့တို့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၈၄,၀၀၀/-)ကျပ်၊ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၅၆,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၄၀,၇၀၀/-)ကျပ်အား (၉-၁၂-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mon_dec 2019









