လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၉) ရက်နေ့တွင် ဝန်းသိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ သင်တန်း (၁/၂၀၁၉) ကို ဌာနဆိုင်ရာမှ တက်ရောက်သူ (၃၀) ဦး၊ သင်တန်းသား/သူ (၃၀) ဦး၊ စုစုပေါင်း (၆၀) ဦး တို့ဖြင့်ဖွင့်လှစ်ခဲ့ရာ ဝန်းသိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူ (၁) ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၂-၁၂-၂၀၁၉) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#sgg_dec2019