လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၆-၁၂-၂၀၁၉)ရက်နေ့နှင့် (၇-၁၂-၂၀၁၉)ရက်နေ့တို့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၈၄,၀၀၀/-)ကျပ်၊ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၅၆,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၄၀,၇၀၀/-)ကျပ်အား (၉-၁၂-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#mon_dec 2019

Sign Up

Upcoming Events