Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၉) ရက်နေ့တွင် နံနက် (၁၃:၀၀) နာရီမှ (၁၄:၀၀) နာရီအထိ မိုးမိတ်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ ရွှေဇာလီကျေးရွာအုပ်စု ၊ အုန်းကြော (ရွာဟောင်း) ကျေးရွာရှိ ကျေးရွာနေပြည်သူလူထုများအား ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုနှုန်းထားများ၊ ငလျင်ဘေးနှင့် အခြားသောသဘာဝ ဘေးအန္တရာယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ တက်ရောက်သူဦးရေ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၉) ရက်နေ့ (၁၅:၀၀) နာရီချိန်တွင် ဖာပွန်မြို့နယ်၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရှိ ယွန်းစလင်းခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့၀န်ထမ်းလူငယ် (ဆင့်ပွါး) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချူပ်ရေးမှူးမှသင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ သင်တန်းသူ/သား များကိုယ်စား သင်တန်းသားမှ(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့်သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်း အနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ စုစုပေါင်း (၆၀) ဦးတို့ဖြစ် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
အသိပညာပေးဆွေးနွေးဟောပြောပွဲ ပြုလုပ်လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီမှ နေ့လည်(၁၂:၀၀) နာရီထိ ကော့ကရိတ်မြို့နယ်၊ ခနိမ်းဖော် ကျေးရွာရှိ ဓမ္မာရုံ၌ ဆရာ/ဆရာမများ၊ကျောင်းသား/သူများနှင့် ကျောင်းသားမိဘ များ စုစုပေါင်း(၂၈၀) ဦးတို့အား သဘာဝဘေး များဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန် အတွက် ဆောင်ရန်/ရှောင်ရန်များ၊ မီးဘေးသရုပ်ပြသခြင်းများအား ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေ ပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲ များဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပကျေးရွာအုပ်စု၊ အောင်ပ (ဘင်္ဂါလီ) ကျေးရွာတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၂၅) စု၊ လူဦးရေ(၁၁၈) ဦးအတွက် ဆန်ရိက္ခာ(၁) လစာ ဆန်(၃၆) အိတ်၊(၂၁) ပြည်အား(၁၉-၁၂-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_dec2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၉-၁၂-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအထိ ကွင်းကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၊ ဓမ္မာရုံတွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးခြင်းအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2019
-
အသိပညာပေးဆွေးနွေးဟောပြောပွဲ ပြုလုပ်လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့(၁၃:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်း ကျေးရွာအုပ်စု၊ စော်ကဲချောင်းကျေးရွာ၌ ကျေးရွာပြည်သူ(၁၅၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု အခြေခံသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာန ဆိုင်ရာများ၊ (NGO) အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ရပ်မိရပ်ဖ များနှင့်အတူ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များမှ သင်တန်းသား (၃၀) ဦး တို့နှင့်အတူ စုစုပေါင်း လူဦးရေ (၅၃) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_dec2019 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှုရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် ကောလင်းမြို့နယ် မြောက်အင်း (အ.လ.က) ကျောင်း၌ ငလျင်ဘေး အန္တရာယ်ဆိုင်ရာဇာတ်တိုက်လေ့ကျင့်ခြင်းကို ကြက်ခြေနီ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ တိုင်းရင်းဆေး၊ လူမှုအဖွဲ့အစည်းများနှင့်အတူဇာတ်တိုက် လေ့ကျင့်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #simex_aqk #sgg_dec2019 Source: ကောလင်းမြို့နယ်ဦးစီးမှုရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းကို ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနခန်းမ၌ သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ မိုးဇလဦးစီးဌာန၊ မီးသတ်နှင့် ကျန်းမာရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာသင်ခန်းစာများအား ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_dec2019
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၈-၁၂-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ကောလင်းမြို့နယ် မြောက်အင်း (အ.လ.က) ကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #sgg_dec2019 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









